မိတ္ထီလာမြို့နယ်၌ ရက် (၁၀၀)စီမံချက်ဖြင့် နွေစပါးမျိုးစေ့ထုတ် (ရေဆင်း ပေါ်ဆန်း-၂) ဧက ၁၀၀ စိုက်ခင်းတွင် သဘာဝမြေသြဇာနှင့် ယူရီးယားဓာတ်မြေသြဇာ အချိုးကျရောစပ် ကြဲပက်
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၌ ရက် (၁၀၀) စီမံချက်ဖြင့် သဘာဝမြေသြဇာနှင့် ယူရီးယားဓါတ်မြေသြဇာ အချိုးကျရောစပ် ကြဲပက်ပွဲကို မေ ၈ ရက် နံနက် ၉ နာရီက စက်ပစ်တောင်ကျေးရွာ ကွင်းအမှတ် ၇၄၀ ရှိ နွေစပါးမျိုးစေ့ထုတ် ဧက ၁၀၀ စိုက်ခင်းတွင် ကျင်းပသည်။