မြစ်သားမြို့နယ် အခြေခံပညာကျောင်းများ၌ လက်ဆေးနည်းပညာပေးဟောပြောခြင်း၊ Abate ဆေးခပ်ခြင်းနှင့် ကျောင်းမုန့်စျေးဆိုင်များ စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်၊ အခြေခံပညာကျောင်းများ၌ ကျောင်းဖွင့်ချိန် ကျောင်းသား၊ ကျောင်းသူများအား သွေးလွန်တုပ်ကွေး ရောဂါကြိုတင်ကာကွယ် နိုင်စေရန်ရည်ရွယ်၍ လက်ဆေးနည်းပညာပေးဟောပြောခြင်း၊ Abate ဆေးခပ်ခြင်းနှင့် ကျောင်းမုန့်စျေးဆိုင်များစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်းကို ဇွန် ၂ ရက် နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။