မန္တလေးတိုင်းဒေသကြီး

မိတ္ထီလာမြို့၌ ဒို့အတူတူမဲပေးကြမယ် လက်ကမ်းစာစောင်များ ဖြန့်ဝေပေး

မိတ္ထီလာမြို့၌ မကြာမီကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပြည်သူအားလုံး ပါဝင်၍ ဆန္ဒမဲပေးနိုင်ရေး အသိပညာပေးနှိုးဆော်သည့် ဒို့အတူတူမဲပေးကြမယ်လက်ကမ်းစာစောင်များကို ယမန်နေ့ညနေ ၃ နာရီက အ.ထ.က (၁) လမ်းဆုံနှင့် မိတ္ထီလာ-ကျောက်ပန်းတောင်းကားလမ်းမအနီးတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စဉ့်ကိုင်မြို့နယ်တွင် ကိုယ်၀န်ဆောင်မိခင်များနှင့် အသက် (၂) လပြည့်မှ (၁) နှစ်ခွဲ‌အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးများ ဆက်လက်ထိုးနှံ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၌ မြို့ပေါ် (၅) ရပ်ကွက်မှ အသက် (၂) လပြည့်မှ (၁) နှစ်ခွဲအောက် ကလေးငယ်များနှင့် ကိုယ်၀န်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးများထိုးနှံပေးခြင်းကို စက်တင်ဘာလ (၁) ရက်‌နေ့မှ စတင်ထိုးနှံလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင်းလည်း မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိသည်။

သာစည်မြို့နယ် ရွှေတောင်ကျေးရွာအနီး ရန်ကုန်-မန္တလေးလမ်းဟောင်း၌ ဆီဘောက်ဆာယာဉ် မီးလောင်မှုဖြစ်ပွား

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် ရွှေတောင်ကျေးရွာအနီး ရန်ကုန်-မန္တလေးလမ်းဟောင်း မိုင်တိုင် အမှတ် ၃၂၂ မိုင်၊ ၁ ဖာလုံနှင့် ၂ ဖာလုံကြား၌ ဒီဇင်ဘာ ၃ ရက် မွန်းလွဲ ၁၂ နာရီ ၂၃ မိနစ်ခန့်က ဆီဘောက်ဆာယာဉ်တစ်စီး မီးလောင်မှုဖြစ်ပွားကြောင်း မြို့နယ်မီးသတ်စခန်းမှ သိရသည်။

မြစ်သားမြို့နယ်တွင် လူရည်ချွန်စာမေးပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် မြို့နယ်အတွင်းမှ ထူးချွန်ထက်မြက်သော ကျောင်းသား၊ ကျောင်းသူများပေါ်ထွက်လာစေရန် ရည်ရွယ်၍ အခြေခံပညာဦးစီးဌာနက ကြီးမှူးကျင်းပသော ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်‌ရေးစစ်ဆေးခြင်းစာမေးပွဲကို ဒီဇင်ဘာ ၃ ရက်နေ့နံနက်ပိုင်းမှစတင်၍ မြစ်သားမြို့ အခြေခံပညာနှင့် စက်မှုစိုက်ပျိုးမွေးမြူရေးအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။

လမ်းပန်းဆက်သွယ်ရေးဝန်ကြီး မြစ်သားမြို့နယ်အတွင်း မဲဆန္ဒရှင်စာရင်းများ တိကျမှန်ကန်ပြည့်စုံမှုရှိနိုင်ရေး  door to door စနစ်ဖြင့် မြေပြင်ကွင်းဆင်းစစ်ဆေး

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လမ်းပန်းဆက်သွယ်‌ရေးဝန်ကြီး ဦးအောင်ဇော်ဦးသည် ကျောက်ဆည်ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်ဟိန်းအောင်၊ မြစ်သားမြို့နယ်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်‌ရေး‌ကော်မတီဥက္ကဋ္ဌ ဦးမင်းအောင်နှင့်အဖွဲ့ဝင်များ၊ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက လိုက်ပါ၍  မြစ်သားမြို့နယ်အတွင်းရှိ  ရေဝန်းကျေးရွာအုပ်စု၊ ရွာရှည်ကျေးရွာအုပ်စု၊ ရွာသစ်ကျေးရွာအုပ်စု၊ ကသဲကုန်းကျေးရွာအုပ်စု၊ လက်ပံဆိပ်ကျေးရွာအုပ်စုများနှင့် မြို့ပေါ်ဘူတာရပ်ကွက်ကြီးသို့ ဒီဇင်ဘာ ၃ ရက်နေ့ နံနက်   ၁၂ နာရီခွဲက ပါတီစုံဒီမိုက‌ရေစီအထွေထွေရွေးပွဲကောက်ပွဲ အပိုင်း (၃) တွင် မဲပေးနိုင်ရေးအတွက် မဲစာရင်းဆိုင်ရာမှန်ကန်ပြည့်စုံနိုင်ရေး (door to door) စနစ်ဖြင့် မြေပြင်ကွင်းဆင်းတိုက်ဆိုင်စစ်‌ဆေးခြင်း ဆောင်ရွက်နေမှုများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး မြစ်သားမြို့နယ်အတွင်း မဲဆန္ဒရှင်စာရင်းများ တိကျမှန်ကန်ပြည့်စုံမှုရှိနိုင်ရေး door to door စနစ်ဖြင့် မြေပြင်ကွင်းဆင်း ကြည့်ရှု‌စစ်ဆေး

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လမ်းပန်းဆက်သွယ်‌ရေးဝန်ကြီး ဦးအောင်ဇော်ဦးသည် ကျောက်ဆည်ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်ဟိန်းအောင်၊ မြစ်သားမြို့နယ်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်‌ရေး‌ကော်မတီဥက္ကဋ္ဌ ဦးမင်းအောင်နှင့်အဖွဲ့ဝင်များ၊ ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက လိုက်ပါ၍ မြစ်သားမြို့နယ်အတွင်းရှိ  ရေဝန်းကျေးရွာအုပ်စု၊ ရွာရှည်ကျေးရွာအုပ်စု၊ ရွာသစ်ကျေးရွာအုပ်စု၊ ကသဲကုန်းကျေးရွာအုပ်စု၊  လက်ပံဆိပ်ကျေးရွာ အုပ်စုများနှင့် မြို့ပေါ်ဘူတာရပ်ကွက်ကြီးသို့ ဒီဇင်ဘာ ၃ ရက်နေ့ နံနက်   ၁၂ နာရီခွဲ အချိန်က ပါတီစုံဒီမိုက‌ရေစီအထွေထွေရွေးပွဲကောက်ပွဲ အပိုင်း(၃)တွင် မဲပေးနိုင်ရေးအတွက် မဲစာရင်းဆိုင်ရာမှန်ကန်ပြည့်စုံနိုင်ရေး (door to door)စနစ်ဖြင့် မြေပြင်ကွင်းဆင်းတိုက်ဆိုင်စစ်‌ဆေးခြင်း ဆောင်ရွက်နေမှုများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ်၌ ဒို့အတူတူမဲပေးကြမယ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၈) ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင်  အသက် ၁၈ နှစ်နှင့်အထက် မဲပေးပိုင်ခွင့်ရှိသည့် နိုင်ငံသားတိုင်း နိုင်ငံသားအခွင့်အရေးမဆုံးရှုံးစေရန် ဆန္ဒမဲပေးနိုင်ရေးအတွက် ဒို့အတူတူမဲပေးကြမယ် သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက ဖြန့်ဝေခဲ့ကြောင်း သိရသည်။

ချမ်းအေးသာစံမြို့နယ်၌ မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ရေး စာမေးပွဲကျင်းပ

ကျောင်းသား၊ ကျောင်းသူများအား ပညာရည်ထူးချွန်ပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်တို့အတွက် ချမ်းအေးသာစံမြို့နယ် ပညာရေးမှူးရုံးအနေဖြင့် မြို့နယ်အဆင့်လူရည်ချွန်ရွေးချယ်ရေးစာမေးပွဲကို ယနေ့ နံနက်ပိုင်းက အမှတ်( ၂)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။

သာစည်မြို့နယ် အ-ထ-က(ခွဲ)မရွေး၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲပြုလုပ်

မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၌ ကျောင်းသားလူငယ်များ စာဖတ်ရှိန်မြင့်တက်လာစေရန်နှင့် ဗလငါးတန်နှင့်ပြည့်စုံစေရန် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ဒီဇင်ဘာ ၃ ရက်နေ့ နံနက်ပိုင်းက မရွေးကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် ပြုလုပ်ကြောင်း သိရသည်။

ကျောက်ဆည်မြို့တွင် မြို့နယ်အဆင့် လူရည်ချွန်စာမေးပွဲ ကျင်းပ

ဉာဏ်ပညာထူးချွန်ပြီး ကျန်းမာသန်စွမ်းကာ အကျင့်စာရိတ္တကောင်းမွန်သည့် ထူးချွန်ထက်မြတ်သော ကျောင်းသားလူငယ်များ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ မြို့နယ်အဆင့်လူရည်ချွန်စာမေးပွဲကို ယနေ့နံနက်ပိုင်းက ကျောက်ဆည်မြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းတွင် စတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
Subscribe to မန္တလေးတိုင်းဒေသကြီး