မဟာအောင်မြေမြို့နယ်၌ ရွေးကောက်ပွဲတွင် ပြည်သူများပါဝင်မဲပေးနိုင်ရေးအတွက် “ဒို့အတူတူမဲပေးကြမယ်” သတင်းစကား လက်ကမ်းစာစောင် ဖြန့်ဝေခြင်းနှင့်အသိပညာပေး မြေစိုက်ပိုစတာစိုက်ထူ
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသက် ၁၈ နှစ်နှင့်အထက် မဲပေးပိုင်ခွင့်ရှိသည့် နိုင်ငံသားတိုင်း နိုင်ငံသားအခွင့်အရေးမဆုံးရှုံးစေရန် ဆန္ဒမဲပေးနိုင်ရေးအတွက် “ဒို့အတူတူ မဲပေးကြမယ်” အသိပညာပေး သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေခြင်းနှင့် ရွေးကောက်ပွဲမှသည် ပိုမိုကောင်းမွန်သော အနာဂတ်ဆီသို့ မြေစိုက်ပိုစတာစိုက်ထူခြင်းတို့ကို ယမန်နေ့မွန်းလွဲပိုင်းက မဟာအောင်မြေမြို့နယ်ရှိ လူစည်ကားရာ နေရာများတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။