မန္တလေးတိုင်းဒေသကြီး

‎မဟာအောင်မြေမြို့နယ် မြို့နယ်အားကစားကွင်း၌ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် မိသားစုဘောလုံးပြိုင်ပွဲဆု‌ပေးပွဲ ကျင်းပ

‎မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ် မြို့နယ်အားကစားကွင်း၌ (၇၈)နှစ်မြောက် လွတ်လပ်ရေး‌နေ့အထိမ်းအမှတ် မိသားစုဘောလုံးပြိုင်ပွဲကို ဒီဇင်ဘာ ၁၇ ရက်နေ့ မွန်းလွဲပိုင်းက အသင်းပေါင်း ၁၀ သင်းဖြင့် စတင်ယှဉ်ပြိုင်ကစားခဲ့သည်။

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် (၇၈)နှစ်မြောက်လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ပွဲများ ကျင်းပ

(၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ပွဲအခမ်းအနားများကို နိုင်ငံတစ်ဝန်းကျင်းပဆောင်ရွက်လျက်ရှိရာ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မတ္တရာမြို့နယ်၊ သာစည်မြို့နယ်၊ မြစ်သားမြို့နယ်၊ ကျောက်ဆည်မြို့နယ်၊ ချမ်းမြသာစည်မြို့နယ်၊ မြင်းခြံမြို့နယ်၊ ငါးဇွန်မြို့နယ်၊ ကျောက်ပန်းတောင်းမြို့နယ်၊ စဉ့်ကိုင်မြို့နယ်၊ ညောင်ဦးမြို့နယ်စသည့်မြို့နယ်များတွင် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီး၊ (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်အလံလွှင့်တင်ခြင်းနှင့် သဝဏ်လွှာဖတ်ကြားခြင်းအခမ်းအနား ကျင်းပ

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူး၍ (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်အလံလွှင့်တင်ခြင်းနှင့် သဝဏ်လွှာဖတ်ကြားခြင်းအခမ်းအနားကို မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ်ရှိ မန္တလာသီရီဘောလုံးကွင်း၌ ယနေ့နံနက် ၄ နာရီမှ စတင်၍ ကျင်းပဆောင်ရွက်ခဲ့သည်။

တံတားဦးမြို့နယ်၌ MEVM စက်များအား MEVM နည်းပညာအထောက်ကူပြုအဖွဲ့များမှ Software ထည့်သွင်းခြင်း၊ စမ်းသပ်တပ်ဆင်ခြင်းနှင့် လက်တွေ့သင်တန်းပို့ချခြင်းများ ဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ တံတားဦးမြို့နယ်၌ အမှတ်(၂)ရပ်ကွက် ဆုံကုန်းရပ်ရှိ မြို့နယ်ခန်းမ၌ MEVM စက်များအား MEVM နည်းပညာအထောက်ကူပြုအဖွဲ့များမှ Software ထည့်သွင်းခြင်း၊ စမ်းသပ်တပ်ဆင်ခြင်းနှင့် လက်တွေ့သင်တန်းပို့ချခြင်းများကို ယမန်နေ့ နံနက်ပိုင်းက ကျင်းပကြောင်း သိရသည်။

ကျောက်ပန်းတောင်းမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြို့နယ်အဆင့် ပညာရေး စုံညီပွဲတော်အခမ်းအနား ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်အခမ်းအနားကို၊ ယနေ့နံနက်(၉)နာရီက လွတ်လပ်ရေးရပ်ကွက်ရှိ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း စကားဝါခန်းမတွင် ပြုလုပ်ခဲ့သည်။

စဉ့်ကိုင်မြို့နယ်၌ မဲရုံတာဝန်ကျထမ်းဆောင်ကြရမည့် နိုင်ငံ့ဝန်ထမ်းများ ကြိုတင်ဆန္ဒမဲပေး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း (၂)ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ကျင်းပပြုလုပ်မည်ဖြစ်ရာ မဲရုံတာဝန်ကျထမ်းဆောင်မည့် မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအကူများ၊ နိုင်ငံ့တာဝန်ဖြင့် ခရီးသွားရန် ရှိသူများအား ကြိုတင်ဆန္ဒမဲပေးခြင်းကို ဇန်နဝါရီလ ၁ ရက်နေ့မှ စတင်ပြီး ကြိုတင်ဆန္ဒမဲများ ပေးခဲ့ကြရာ ယနေ့နံနက်ပိုင်းတွင်လည်း ကြိုတင်ဆန္ဒမဲများ ဆက်လက်လာရောက် ပေးကြကြောင်း သိရသည်။

ကျောက်ဆည်မြို့၌ ၂၀၂၆ ခုနှစ် (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဌာနပေါင်းစုံ အမျိုးသမီးလွန်ဆွဲပွဲများ ပျော်ရွှင်စွာကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြို့နယ်အဆင့်ဌာနပေါင်းစုံတို့ပူးပေါင်း၍ ယနေ့နံနက် ၇ နာရီခွဲက ကျောက်ဆည်ခရိုင် အားကစားကွင်းတွင် ၂၀၂၆ ခုနှစ် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဌာနပေါင်းစုံအမျိုးသမီးလွန်ဆွဲပွဲများ ပျော်ရွှင်စွာကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျောက်ဆည်မြို့ အမှတ် (၉) အခြေခံပညာမူလတန်းကျောင်း၌ ပညာရေးစုံညီပွဲတော်နှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျေက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့ အမှတ် (၉) အခြေခံပညာမူလတန်းကျောင်း၌ ယနေ့နံနက် ၉ နာရီက ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ Grade-5 ကျောင်းသား/ကျောင်းသူလေးများက “ကြိုဆိုပါသည်စုံညီပွဲတော်” သီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ကျောက်ဆည်ခရိုင်၌ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လူထုအခြေပြုဗဟိုဌာနတွင် အခြေခံကရာတေးသင်တန်း(အခမဲ့)ဖွင့်လှစ်

မန္တလေးတိုင်းဒေသကြီး၊ ‌ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့တွင် (၇၈)နှစ်မြောက်လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လူငယ်များအချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်၊ ကျန်းမာကြံ့ခိုင်ပြီး ထူးချွန်အားကစားလူငယ်များ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ယမန်နေ့မွန်းလွဲ ၃ နာရီက အခြေခံ ကရာတေးသင်တန်း (အခမဲ့) ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ကျောက်ပန်းတောင်းမြို့နယ်၌ ရွေးကောက်ပွဲကာလ မဲရုံများ၌ တာဝန်ထမ်းဆောင်ကြမည့် အရန်မီးသတ်တပ်ဖွဲ့ဝင်များအတွက် မီးသတ်ဝတ်စုံများပေးအပ်

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်၌ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကာလ မဲရုံများ မီးဘေးလုံခြုံရေး တာဝန်ထမ်းဆောင်ကြမည့် အရန်မီးသတ်တပ်ဖွဲ့ဝင်များအတွက် လိုအပ်လျက်ရှိသည့် မီးသတ်ဝတ်စုံများကို ယမန်နေ့ ညနေ ၃ နာရီခွဲက မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက မြို့နယ်မီးသတ်ဦးစီးဌာနရုံးတွင် သွားရောက်ပေးအပ်ခဲ့ကြသည်။
Subscribe to မန္တလေးတိုင်းဒေသကြီး