မြစ်သားမြို့နယ် ကူမဲမြို့၌ “ဒို့အတူတူ မဲပေးကြမယ်” လက်ကမ်းစာစောင်များ ဖြန့်ဝေ
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ကူမဲမြို့၌ ရွေးကောက်ပွဲ အပိုင်း (၃) တွင် မဲပေးပိုင်ခွင့်ရှိသူ ပြည်သူတိုင်း ပါဝင်ဆန္ဒမဲပေးနိုင်ရေးအတွက် “ဒို့အတူတူ မဲပေးကြမယ်” လက်ကမ်းစာစောင်များကို ဇန်နဝါရီ ၁၉ ရက် နံနက် ၁၀ နာရီက ကူမဲမြို့၊ အမှတ် (၅) ရပ်ကွက်၊ မြို့အဝင်ဆိုင်းဘုတ်အနီး ရန်ကုန်-မန္တလေးကားလမ်း၊ အမှတ် (၁) ရပ်ကွက် ကူမဲဈေးဝင်ပေါက်နှင့် တောက်ပရစ် ဘုရားလမ်းတို့တွင် ဖြန့်ဝေပေးခဲ့ကြသည်။