ငါန်းဇွန်မြို့နယ်၌ ဒို့အတူမဲပေးကြမယ် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ
မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃)ကို ဇန်နဝါရီလ ၂၅ ရက်နေ့တွင် ကျင်းပသွားမည်ဖြစ်ရာ ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် “ဒို့အတူမဲပေးကြမယ်” အသိပညာပေး လက်ကမ်းစာစောင်များအား ဇန်နဝါရီ ၂၁ ရက် နံနက် ၈ နာရီက လူစည်ကားရာနေများ၌ ဖြန့်ဝေပေးခဲ့ကြသည်။