စဉ့်ကိုင်မြို့နယ်၌ နွေသီးနှံများပန်းတိုင်အထွက်နှုန်းရရှိရေး မျိုးစေ့၊ မြေဩဇာ နှင့်နည်းပညာပေးဆွေးနွေးပွဲကျင်းပ
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် စဉ့်ကိုင်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ (SMU) ကျေးရွာသစ်လှုပ်ရှားမှုစီမံကိန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ၂၀၂၅-၂၀၂၆ ခုနှစ်တွင် စိုက်ပျိုးမည့် နွေသီးနှံများ၊ ပိုက်ဆံလျှော်များ၊ ယူရီးယားဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာများအား တောင်သူများထံသို့(အခမဲ့) ထောက်ပံ့ပေးအပ်ခြင်းနှင့် နည်းပညာဆွေးနွေးပွဲအခမ်းအနားကို စော်ရဲကျေးရွာအုပ်စု၊ စော်ရဲကျေးရွာ (SMU)ခန်းမတွင် ယမန်နေ့နံနက်ပိုင်းက ကျင်းပသည်။