တာချီလိတ်မြို့ ရွှေတိဂုံစေတီတော်၌ သီတင်းကျွတ်လပြည့်ည(အဘိဓမ္မာအခါတော်နေ့)အထူးစည်ကား
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၊ မကာဟိုခမ်းရပ်ကွက်ရှိ ရွှေတိဂုံဘုရားစေတီတော် ကြီး၌ အောက်တိုဘာ ၆ ရက် သီတင်းကျွတ်လပြည့်ည(အဘိဓမ္မာအခါတော်နေ့)တွင် ဆီမီးကိုးထောင် ကပ်လှူပူဇော်ခြင်း၊ အလှမီးပုံးပျံလွှတ်တင်ခြင်းနှင့်မြို့လုံးကျွတ် စုပေါင်းမဟာစတုဒိသာ ကျွေးမွေးခြင်းတို့အား စည်ကားသိုက်မြိုက်စွာကျင်းပသည်။