ရှမ်းပြည်နယ်

မိုင်းပန်မြို့နယ်၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ် အခြေခံပညာရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့နှင့် မြို့နယ်သစ်တောဦးစီးဌာနတို့ပူးပေါင်း၍ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို အခြေခံပညာအလယ်တန်းကျောင်း(မွေတော်)၏ ကျောင်းသားမိဘများနှင့် ယနေ့နံနက် ၁၀ နာရီက ကျင်းပလျက်ရှိကြောင်း သိရသည်။

မိုင်းဖြတ်မြို့နယ်၌ အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီး ပေးနိုင်ရေးလုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ပွဲအခမ်းအနားကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် အသေးစား ထုတ်ကုန်လုပ်ငန်းများဖန်တီပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင် ငွေတိုးပွားစေရန် ရည်ရွယ်၍ လုပ်ငန်းသုံးပစ္စည်းများပေးအပ်ခြင်းနှင့် သင်တန်းဆင်းပွဲ အခမ်းအနားကို အောက်တိုဘာလ ၂၁ရက်၊ နံနက် ၉နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။ 

ကျိုင်းတုံမြို့နယ်တွင် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဆိုင်ရာ အသိပညာပေးခြင်းနှင့်  လက်တွေ့စမ်းသပ်ဆန္ဒမဲပေးခြင်းများ‌ ဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ် ရွေးကောက်ပွဲကော်မှရှင်အဖွဲ့ခွဲရုံးမှ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွ့စမ်းသပ်ဆန္ဒမဲပေးခြင်းကို အောက်တိုဘာ ၂၁ ရက်က  မိုင်းပတ်ထက်ကျေးရွာအုပ်စု၊ ဖပဲကိုကျေးရွာတွင် ကျင်းပသည်။

ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဟိုပုံးမြို့၊ နာဂပုရသာ သနာလင်္ကာရအသင်းကြီးက ကျင်းပသောပဥ္စမအကြိမ် သာမဏေကျော်စာမေးပွဲကြီးနှင့် ဒသမအကြိမ်အင်းအမျိုးသားနေ့အခမ်းအနား တက်ရောက်ချီးမြှင့်

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်သည် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ လိုက်ပါလျက်အောက်တိုဘာ(၂၁)ရက်နံနက်(၈)နာရီခွဲကပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဟိုပုံးမြို့၊ နောင်တောင်း ပရဟိတတပ်ဦး ဘုန်းတော်ကြီးကျောင်းသို့သွားရောက်၍ ပင်လင်းကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တစန္ဒောဘာသအား ဖူးမြော်ကြည်ညို၍ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး နာဂပုရသာသနာလင်္ကာရအသင်းကြီးက ကျင်းပသောပဥ္စမအကြိမ် နာဂပုရသာသနလင်္ကာရ သာမဏေကျော် စာမေးပွဲကြီးအတွက် ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်​၊အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့က အလှူငွေများ ဆက်ကပ် လှူဒါန်းပေးကြရာ ဂေါပကတာဝန်ရှိသူများမှ လက်ခံရယူကြသည်။

မိုင်းတုံမြို့၌ လယ်စပါးစံကွက် ရိတ်သိမ်း

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၊ မိုင်တုံအုပ်စုရှိ ကွင်းအမှတ် (၁)၊ ဦးပိုင် (၇၂) တောင်သူ ဦးစိုင်းမတ်၏လယ်တွင်  မိုးစပါးစံကွက် ရိတ်သိမ်းခြင်းကို ယမန်နေ့ နံနက် ၈ နာရီခွဲအချိန်က ဆောင်ရွက်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်မိုး၊‌ ခရိုင်‌လယ်ယာ‌မြေစီမံခန့်ခွဲရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမိုးအေးဇင်သိန်း၊ မြို့နယ်စိုက်ပျိုး‌ရေးဦးစီးအရာရှိ ဦး‌အောင်နိုင်ဝင်းနှင့် ဝန်ထမ်းများ၊ မြို့နယ်စိုက်ပျိုးညှိနှိုင်းးမှု‌ကော်မတီများနှင့် ကျေးရွာ ကော်မတီများမှ ကြည့်ရူ့အား‌ပေးခဲ့ကြောင်း သိရသည်။

တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်၌ ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ် (၁၈)သင်တန်းဖွင့်ပွဲပြုလုပ်

ရှမ်းပြည်နယ်(တောင်ပိုင်း)တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်၊ ဗထူးတပ်မြို့ရှိ အမှတ်(၁)အရာခံနှင့် အကြပ်ကြီးသင်တန်းကျောင်းစစ်ရေးပြကွင်း၌ အောက်တိုဘာ ၂၁ ရက် နံနက် ၈ နာရီက ပြည်သူ့စစ်မှု ထမ်းသင်တန်းအမှတ်စဉ် (၁၈)သင်တန်း ဖွင့်ပွဲပြုလုပ်ခဲ့ရာရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဦးနေဝင်းအောင်၊ အမှတ်(၁)အရာခံနှင့် အကြပ်ကြီး သင်တန်းကျောင်း၊ ကျောင်းအုပ်ကြီးဗိုလ်မှူးချုပ်ကျော်သူလှိုင်နှင့် တပ်မတော်အရာရှိများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် ပြည်သူ့စစ်မှုထမ်းသင်တန်းသားများတက်ရောက်ခဲ့သည်။

အင်တောမြို့နယ်ရုံးတွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲပြုလုပ်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ အင်တောမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသားလူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက်ရည်ရွယ်၍ လူငယ်ရေးရာ အသိပညာ‌ပေးဟောပြောပွဲကို အောက်တိုဘာ ၂၁ ရက်နေ့ မွန်းလွဲ ၁ နာရီက အခြေခံပညာ အထက် တန်းကျောင်း (အင်တော)၊ တကောင်းခန်းမ၌ ပြုလုပ်ခဲ့သည်။

လားရှိုးမြို့ ပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှူးရုံး၌ ခရိုင်များအလိုက်ဖြစ်ပွားခဲ့သည့် မှုခင်းဖြစ်စဉ်များနှင့်ပတ်သက်၍ တွေ့ဆုံဆွေးနွေးပွဲကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့တွင် ခရိုင်များအလိုက်ဖြစ်ပွားခဲ့သည့် မှုခင်းဖြစ်စဉ်များနှင့်ပတ်သက်၍ တွေ့ဆုံ‌ဆွေးနွေးပွဲကို ယမန်နေ့က ပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှူးရုံး (လားရှိုး) ရှိ ရဲရန်အောင်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ကလောခရိုင်ပြည်သူ့ဆေးရုံကြီးတွင် သုံးထပ်လူနာဆောင်အသစ် ဆောက်လုပ်နိုင်ရေးကွင်းဆင်းဆောင်ရွက်

ကလောခရိုင်ပြည်သူ့ဆေးရုံကြီး ဆေးကုသမှုလုပ်ငန်းများပိုမိုအဆင့်မြှင့်တင်နိုင်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးလမ်းညွှန်ချက်အရ ပြည်သူ့ဆေးရုံကြီးတွင် သုံးထပ်လူနာဆောင်အသစ်ဆောက်လုပ်နိုင်ရေး အောက်တိုဘာ ၁၉ ရက် နံနက်ပိုင်းက  တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ဟိုပုံးမြို့နယ်၌ (ပဉ္စမအကြိမ်မြောက်) မြန်မာနိုင်ငံလုံးဆိုင်ရာ နာဂပုရသာသနာလင်္ကာရ သာမဏေကျော်စာမေးပွဲကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် နာဂပုရ သာသနာလင်္ကာရအသင်းမှ ကြီးမှူးကျင်းပသည့်  မြန်မာနိုင်ငံလုံးဆိုင်ရာ (ပဉ္စမအကြိမ်မြောက်) နာဂပုရ သာသနာလင်္ကာရသာမဏေကျော်စာမေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲက နောင်တောင်းပရဟိတတပ်ဦးကျောင်းတွင် ကျင်းပသည်။
Subscribe to ရှမ်းပြည်နယ်