မိုင်းပန်မြို့နယ်၌ ကိုးရီးယား-မြန်မာ ပရောဂျက်ဖြင့် လျှပ်စစ်မီးမရသည့် ကျေးရွာနေပြည်သူများအတွက် မီးဖိုများပေးအပ်ပွဲ ကျင်းပ
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်၌ လျှပ်စစ်မီးမရသည့် ကျေးရွာနေပြည်သူများ အဆင်ပြေစေရန်အတွက် စိုက်ပျိုးရေးဦးစီးဌာနနှင့်ပူးပေါင်းဆောင်ရွက်သည့် ကိုးရီးယား-မြန်မာ ပရောဂျက်ဖြင့် မီးဖိုများပေးအပ်ပွဲကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၌ ယနေ့ နံနက် ၁၀ နာရီက ကျင်းပခဲ့သည်။