ရှမ်းပြည်နယ်

ပင်လောင်းမြို့၌ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဥပ‌ဒေဆိုင်ရာ ‌အသိပေးဆွေးနွေး

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဥပဒေဆိုင်ရာ အသိပေးဆွေးနွေးခြင်းကို ယမန်နေ့ညနေ ၄ နာရီအချိန်က ဘက်စုံသုံးခန်းမ၌ ပြုလုပ်သည်။

မိုင်းရယ်၌ ယာယီနေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ငွေပေးအပ်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ်အတွင်း ဒေသအသီးသီးမှ ယာယီနေရပ်စွန့်ခွာလာသည့် ဝန်ထမ်းနှင့်မိသားစုဝင်များ၊ ပြည်သူများအား ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

တန့်ယန်းမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာကျောင်းများ၏ အောင်စာရင်းများ ကြေညာ

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာကျောင်းများအားလုံးရှိ အတန်းတင်စာမေးပွဲများ၏ အောင်စာရင်းများကို အခြေခံပညာကျောင်းအသီးသီးတို့တွင် မေလ ၁၅ ရက်နေ့ နံနက်ပိုင်းက ကြေညာထားကြသည်။

တန့်ယန်းမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေးသီတင်းပတ် မြေစိုက်ပိုစတာစိုက်ထူ

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်တွင် အခြေခံပညာဦးစီးဌာနမှ ကျောင်းနေအရွယ်ကလေးငယ်တိုင်း ကျောင်းအပ်နှံနိုင်ရေးအတွက် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေး သီတင်းပတ်မြေစိုက်ပိုစတာအား မြို့နယ်ပညာရေးမှူးရုံးရှေ့တွင် မေလ ၁၅ ရက်နေ့က စိုက်ထူထားရှိသည်။

မိုင်းရှူးမြို့နယ်၌ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲ အခမ်းအနားကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်တွင် မိုင်းရှူးခရိုင်၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် (၁၀) နာရီအချိန်က အမှတ်(၂)ရပ်ကွက်၊ ပတ္တမြားခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

မိုင်းယန်းမြို့နယ်၌ နေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ငွေချီးမြှင့်ပေးအပ်ခြင်းအခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်တွင် အကြမ်းဖက်ဖြစ်စဉ်များကြောင့် နေရပ်စွန့်ခွာပြည်သူများအား အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေဖြင့် ထောက်ပံ့ငွေချီးမြှင့်ပေးအပ်ခြင်းအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးဟောင်းခန်းမ၌ ကျင်းပခဲ့သည်။

မိုင်းခတ်မြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းနှင့် စာအုပ်များ အသစ်လဲလှယ်ပေးခြင်းကို အပတ်စဉ်ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် (၁၀)နာရီခွဲအချိန်က မိုင်းခတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးဝန်ထမ်းများထံ စာအုပ်များ ငှားရမ်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တာလေမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေးနယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် စာအုပ်၊ စာစောင်များ ငှားရမ်းပေး

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် စာဖတ်ပရိသတ်ထံ လက်ဝယ်အရောက် စာအုပ်၊ စာစောင်များ ငှားရမ်းပေးခြင်းကို အပတ်စဉ် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် (၉) နာရီခွဲအချိန်က ဌာနဆိုင်ရာရုံးများထံ သွားရောက် အခမဲ့ငှားရမ်းပေးခဲ့ကြကြောင်း သိရသည်။

လဲချားတွင် ဌာနဆိုင်ရာရုံးများအရောက်‌ စာအုပ်စာစောင်များ ကွင်းဆင်းငှားရမ်းပေး

ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဗဟုသုတရရှိစေရန်၊ အားလပ်ချိန်များကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ စဉ်းစားတွေးခေါ်မှု ဉာဏ်များ ရင့်သန်လာစေရန်၊ အမှားနှင့်အမှန် ဝေဖန်ပိုင်းခြားတတ်စေရန်နှင့် စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ စာကြည့်တိုက်သို့ မလာရောက်နိုင်သော စာပေချစ်မြတ်နိုးသူများအတွက် ရည်ရွယ်၍ ယနေ့နံနက် (၁၀) နာရီအချိန်က mobile library စနစ်ဖြင့် စာအုပ်၊စာစောင်များ နယ်လှည့်ကွင်းဆင်းငှားရမ်း ပေးခဲ့​ကြောင်း သိရသည်။

လင်းခေးမြို့၌ ယာယီနေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ လင်းခေးမြို့၌ အကြမ်းဖက်ဖြစ်စဥ်များကြောင့် ယာယီနေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ငွေပေးအပ်သည့်အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီက မြို့နယ်နွယ်ဝတီခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
Subscribe to ရှမ်းပြည်နယ်