ရှမ်းပြည်နယ်

ရပ်စောက်မြို့နယ်၌ ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ် (၁၃) သင်တန်းဖွင့်ပွဲ ကျင်းပ

ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၁၃) သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၈ နာရီက ရပ်စောက်မြို့နယ်၊ ဗထူးတပ်မြို့ တပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်း စစ်ရေးပြကွင်း၌ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ လမ်းပန်းဆက်သွယ်ရေဝန်ကြီး ဦးနေဝင်းအောင်၊ တပ်မတော် (ကြည်း) ဗိုလ်သင်တန်းကျောင်း၊ ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် နိုင်ဝင်းအောင်နှင့် တပ်နယ်မှအရာရှိများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် ပြည်သူ့စစ်မှုထမ်းသင်တန်းသားများတက်ရောက်ခဲ့ကြသည်။ သင်တန်းဖွင့်ပွဲတွင် တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်းမှကျောင်းအုပ်ကြီးက ပြည်သူ့စစ်မှုထမ်းသင်တန်းသား (၄၉) ဦးအား သင်တန်းဖွင့်မိန့်ခွန်း ပြောကြားခဲ့သည်။

ကျောက်တလုံးကြီးမြို့၌ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်ပြသ

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့၌ ကျောင်းသားလူငယ်များနှင့် ပြည်သူများ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အကြောင်းအရာများကို ပိုမိုသိရှိနိုင်စေရန်ရည်ရွယ်၍ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်ကို ယနေ့နံနက် (၁၀) နာရီခွဲက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre) တွင် ပြသသည်။

ပင်းတယမြို့နယ်တွင် ကျောင်းအပ်နှံရေး မြေစိုက်ပိုစတာ စိုက်ထူ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် “ကျောင်းနေအရွယ်ကလေးအားလုံး စဉ်ဆက်မပြတ် ပညာသင်ယူဖို့ ကျောင်းအပ်နှံကြစို့” မြေစိုက်ပိုစတာများစိုက်ထူခြင်းကို ယမန်နေ့နံနက်တွင် ပင်းတယမြို့နယ်ရှိ သတ်မှတ်နေရာအသီးသီးတွင် စိုက်ထူဆောင်ရွက်ခဲ့ကြသည်။

ခိုလမ်မြို့တွင် ဌာနဆိုင်ရာရုံးများသို့ စာအုပ်၊ စာစောင်များ နယ်လှည့်ကွင်းဆင်း ငှားရမ်းပေး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့ရုံး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများဗဟုသုတရရှိစေရန်၊ အားလပ်ချိန်များကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ စဉ်းစားတွေးခေါ်မှုဉာဏ်များ ရင့်သန်လာစေရန်၊ အမှားနှင့်အမှန် ဝေဖန်ပိုင်းခြားတတ်စေရန်နှင့် စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ စာကြည့်တိုက်သို့ မလာရောက်နိုင်သော စာပေချစ်မြတ်နိုးသူများအတွက် ရည်ရွယ်၍ ယနေ့နံနက် (၁၀)နာရီအချိန်က ဌာနဆိုင်ရာရုံးများအရောက်  စာအုပ်၊ စာစောင်များကို နယ်လှည့်ကွင်းဆင်း ငှားရမ်းပေးခဲ့သည်။

ကျောက်တလုံးကြီးမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးနံရံကပ်စာစောင် ပြသ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့၌ လူငယ်များနှင့် ပြည်သူများ စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိစေရန်ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးနံရံကပ်စာစောင်ကို ယနေ့နံနက် (၉)နာရီခွဲက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ပြသခဲ့သည်။

လဲချားမြို့တွင် ဌာနဆိုင်ရာရုံးများအရောက်‌ စာအုပ်စာစောင်များ ကွင်းဆင်းငှားရမ်းပေး

ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှ ဗဟုသုတရရှိစေရန်၊ အားလပ်ချိန်များကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ စဉ်းစားတွေးခေါ်မှုဉာဏ်များ ရင့်သန်လာစေရန်၊ အမှားနှင့်အမှန် ဝေဖန်ပိုင်းခြားတတ်စေရန်နှင့် စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ စာကြည့်တိုက်သို့ မလာရောက်နိုင်သော စာပေချစ်မြတ်နိုးသူများအတွက် ရည်ရွယ်၍ ယနေ့နံနက်  (၁၀)နာရီ အချိန်က Mobile Library စနစ်ဖြင့် စာအုပ်၊ စာစောင်များ နယ်လှည့်ကွင်းဆင်း ငှားရမ်းပေးခဲ့​သည်။

တန့်ယန်းမြို့နယ်တွင် လယ်ယာမြေဥပဒေနှင့် နည်းဥပဒေများအား အသိပညာပေး ဆွေးနွေးဟောပြော

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန မြို့နယ်မြေစာရင်းဦးစီးဌာန မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့မှကြီးမှူး၍ လယ်ယာမြေဥပဒေနှင့် နည်းဥပဒေများအား ပြည်သူများသိရှိနိုင်ရန် အသိပညာပေးဆွေးနွေးဟောပြောပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီက အမှတ်(၂)ရပ်ကွက်၌ ကျင်းပခဲ့သည်။

မိုင်းဖြတ်မြို့နယ်၌ ရှေးဦးပြုစုခြင်း(အ​ခြေခံ)သင်တန်း ဖွင့်လှစ်

ရှမ်းပြည်နယ်(အ​ရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်ကြက်​ခြေနီအသင်းခွဲမှ ကြီးမှူးဖွင့်လှစ်သည့် ကျောင်းအ​ခြေပြု ​ရှေးဦးပြုစုခြင်း(အ​ခြေခံ)သင်တန်းကို ​ယမန်နေ့ နံနက်ပိုင်းက အ.ထ.က(မိုင်းဖြတ်)၌ ဖွင့်လှစ်ခဲ့​သည်။

တန့်ယန်းမြို့နယ်တွင် အခြေခံပညာအထက်တန်း၊ အလယ်တန်းနှင့် မူလတန်းအဆင့် ဘာသာရပ်ဆိုင်ရာ စွမ်းရည်မြှင့်မွမ်းမံသင်တန်း ဖွင့်လှစ်

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်တွင် ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနမှကြီးမှူး၍ အခြေခံပညာအထက်တန်း၊ အလယ်တန်းနှင့် မူလတန်းအဆင့် ဘာသာရပ်ဆိုင်ရာ စွမ်းရည်မြှင့်မွမ်းမံသင်တန်း သင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက် ၉ နာရီက အမှတ်(၁) နှင့် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတို့၌ ကျင်းပပြုလုပ်သည်။

ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး မိတ္ထီလာ-တောင်ကြီး-ကျိုင်းတုံ-တာချီလိတ်လမ်း (တောင်ကြီး-ဟိုပုံးလမ်း) မိုင်တိုင်အမှတ် ၁၁၆/၃-၁၁၆/၄ မိုင် လမ်းလုပ်ငန်းများ ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေး

‎ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးန်ကြီး ဦးနေဝင်းအောင်သည် လမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး(မြို့ပြ)၊ နေမင်းရောင်ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ရှိသူများနှင့်အတူ မိတ္ထီလာ-တောင်ကြီး-ကျိုင်းတုံ-တာချီလိတ်လမ်း (တောင်ကြီး-ဟိုပုံးလမ်း) လမ်းလုပ်ငန်းများဆောင်ရွက်နေမှုကို ယမန်နေ့ မွန်းလွဲ ၁၂ နာရီကမိုင်တိုင်အမှတ် ၁၁၆/၃ - ၁၁၆/၄ မိုင်၊ သစ်တောရပ်ကွက်၊ သစ်တောဂိတ်၌ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
Subscribe to ရှမ်းပြည်နယ်