ရှမ်းပြည်နယ်

မိုင်းတုံမြို့နယ်အတွင်းရှိမဲရုံများ ပြင်ဆင်ထားရှိမှုအခြေအနေနှင့် Call Center ရုံးအဖွဲ့များ ဖွဲ့လှစ်ထားရှိမှုအခြေအ‌နေအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

ရှမ်းပြည်နယ်(အ‌ရှေ့ပိုင်း) မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်အတွင်းရှိ မဲရုံများနှင့် Call Center ရုံးအဖွဲ့များပြင်ဆင်ထားရှိမှု အခြေအနေများအား ယမန်နေ့က ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်‌ရေးကော်မတီဥက္ကဋ္ဌ ဦးငြိမ်းထွန်းကျော်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်‌ရေးကော်မတီ ဥက္ကဋ္ဌ ဦးလွင်မိုး၊ မြို့နယ်ရဲမှူး မြင့်‌အောင်နှင့် ခရိုင်/မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များပူးပေါင်း၍ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

ရှမ်းပြည်နယ် သံယဇာတရေးရာဝန်ကြီး ဦးစိုင်းလိတ်က မဲပေးစက်ထုတ်ပေးမှုအခြေအနေများကို ကြည့်ရှု

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း(၂)တွင်အသုံးပြုမည့် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)နှင့် မဲရုံသုံးပစ္စည်းများထုတ်ပေးနေမှုကို ရှမ်းပြည်နယ် သံယဇာတရေးရာဝန်ကြီး ဦးစိုင်းလိတ်က ယမန်နေ့ မွန်းလွဲပိုင်းတွင် ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂) အောင်မြင်စွာကျင်းပနိုင်ရေး မဲရုံများ ကြိုတင်ပြင်ဆင်ထားရှိမှုအခြေအနေများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၂) အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ရပ်ကွက်/ကျေးရွာအုပ်စုများရှိ မဲရုံများကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ တန့်ယန်းခရိုင်၊ မိုင်းရယ်မြို့တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၂) အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲရုံများခင်းကျင်းထားရှိမှုများ စစ်ဆေး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ တန့်ယန်းခရိုင် မိုင်းရယ်မြို့တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအပိုင်း(၂)အား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲရုံများ ခင်းကျင်းထားရှိမှုများကို ယမန်နေ့နံနက် ၉ နာရီ ၃၀ မိနစ်က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ရှမ်းပြည်နယ်(မြောက်ပိုင်း)တာဝန်ခံ ဦးမြင့်ဦးသည် တာဝန်ရှိသူများလိုက်ပါ၍ မိုင်းရယ်မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးမင်းအောင်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးသိန်းဌေးဦးနှင့် အဖွဲ့ဝင်များနှင့်အတူ မိုင်းရယ်မြို့ပေါ်ရှိ မြို့ပေါ်မဲရုံများသို့ လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက ရွေးကောက်ပွဲအပိုင်း(၂)ကျင်းပမည့် မောက်မယ်မြို့နယ်အတွင်း တာဝန်ရှိသူများနှင့် တွေ့ဆုံ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ကြီးမှူးကျင်းပသည့် အပိုင်း(၂) ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပပြုလုပ်သွားမည်ဖြစ်သည့်အတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင်က ယမန်နေ့နံနက် ၁၁ နာရီတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ခရိုင်မံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် ခရိုင်အဆင့် တာဝန်ရှိသူများ၊ မြို့နယ်အဆင့်တာဝန်ရှိသူများ၊ မဲရုံမှူးများနှင့် ဒုတိယမဲရုံမှူးများတွေ့ဆုံပြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများက ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများအား အသီးသီးရှင်းလင်းတင်ပြကြရာ တင်ပြချက်များအပေါ် ဝန်ကြီးကလိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

ကျေးသီးမြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ(တတိယပိုင်း) အောင်မြင်စွာ ကျင်းပနိုင်‌ရေး မဲရုံများ ပြင်ဆင်ဆောင်ရွက်ရန် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ကျေးသီးမြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ(တတိယပိုင်း) အောင်မြင်စွာကျင်းပနိုင်ရေး ဟောပြောပွဲအား ယနေ့ နံနက် ၉ နာရီခွဲက ကျေးသီးမြို့နယ်၊ မြို့နယ်ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ကျေးသီးမြို့နယ်တွင် ပြည်ထောင်စုနေ့အကြိုဟောပြောပွဲနှင့် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ ပြုလုပ်

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကျေးသီးမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူး‌ပေါင်း၍ အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတတိုးပွားစေရေးအတွက် ဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီလ (၈)ရက် နံနက်(၁၀)နာရီက ကျေးသီးမြို့၊ အခြေခံပညာမူလတန်းကျောင်း(မူလွန်)လုံပု၌ ပြည်ထောင်စုနေ့(အကြို) အသိပညာပေးဟောပြောပွဲနှင့် နယ်လှည့်စာကြည့်တိုက်လုပ်ငန်းကို ဆောင်ရွက်ခဲ့ကြ‌သည်။

နမ့်စန်တွင် မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်အခမ်းအနား စည်ကားသိုက်မြိုက်စွာ ကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲက အမှတ်(၂)ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း(နမ့်စန်)တွင် ကျင်းပခဲ့ရာ ရှမ်းပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်း တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။

မိုင်းရှူး(တောင်ပေါ်)၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းရှူးမြို့နယ်(တောင်ပေါ်)တွင် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက်(၉) နာရီက အခြေခံပညာအလယ်တန်းကျောင်း(ဝမ်ကန်)၌ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ညောင်ရွှေမြို့၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃) အောင်မြင်စွာပြုလုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်

ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃) အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေးအတွက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် မဲရုံအသီးသီး၌ တာဝန်ချထားသည့် ဌာနဆိုင်ရာဝန်ထမ်းများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီက ရှမ်းပြည်နယ် ညောင်ရွှေမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
Subscribe to ရှမ်းပြည်နယ်