ရှမ်းပြည်နယ်

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်၌ ယာယီနေရပ်စွန့်ခွာ ပြည်သူများအား ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားကျင်းပ

ရှမ်းပြည်နယ်(‌တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ ရောက်ရှိနေသော ယာယီနေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၁၁ နာရီခွဲအချိန်က သီရိမင်္ဂလာဗိမာန်၌ ကျင်းပပြုလုပ်သည်။

ရပ်စောက်မြို့နယ်တွင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ မိတ်ဆက်တွေ့ဆုံပွဲနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်တွင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ မိတ်ဆက်တွေ့ဆုံပွဲနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၁ နာရီက၌ ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။

ရပ်စောက်၌ အသက်(၁၂)နှစ်အောက် မြို့နယ်ပညာရေးမှူးဖလား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်တွင် မြို့နယ်ပညာရေးမှူးဖလား အခြေခံပညာကျောင်းပေါင်းစုံ မူလတန်းအဆင့် အသက်(၁၂)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ  ဗိုလ်လုပွဲကို ယနေ့နံနက် ၉ နာရီက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း(ရပ်စောက်) ဘောလုံးကွင်း၌ ကျင်းပသည်။

ကျိုင်းတုံမြို့၌ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဖြင့် ဆန္ဒမဲပေးနည်း အသိပညာပေးခြင်း ဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ အရာရှိစစ်သည်များ၊ တပ်မတော်သားများနှင့် မိသားစုဝင်များအား  မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဖြင့်ဆန္ဒမဲပေးနည်း အသိပညာပေးခြင်းကို မိုင်းခွန်တပ်နယ်ရှိ တပ်နယ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ညောင်ရွှေမြို့ ဖောင်တော်ဆိုက်ပြာသာဒ်ဆောင်၊ ဖောင်တော်ပြန်ပြာသာဒ်ဆောင်၊ ဆုပေးပွဲမဏ္ဍပ်ဆောင်နှင့် ယဉ်ကျေးမှုပဒေသာကပွဲနေရာများ ပြင်ဆင်‌ဆောင်ရွက်ပြီးစီးမှု ကြည့်ရှုစစ်ဆေး

ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ် အင်းလေးဖောင်တော်ဦးမြတ်စွာဘုရား အင်းလေးဒေသဝဲယာ (၂၁)ဌာနသို့ ဒေသစာရီကြွချီပူဇော်ခံပွဲတော်ကြီး၌ အစဉ်အလာအရ ညောင်ရွှေဌာနသို့ ရောက်ရှိချိန်တွင် ဖောင်တော်ဆိုက်ကပ်ရာ ဖောင်တော်ဆိုက်ပြာသာဒ်ဆောင်နှင့် ပြန်လည်ကြွချီတော်မူရာ ဖောင်တော်ပြန်ပြာသာဒ်ဆောင် ဘက်စုံပြုပြင်မွမ်းမံနေမှု လုပ်ငန်းများကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးအုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်စွာလင်းသည် ဩဂုတ်(၂၂) ရက် နံနက်(၉)နာရီက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ကျိုင်းလပ်မြို့ Community Centre ခန်းမ၌ စာပေချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များဖြင့် စာဖတ်ဝိုင်းပြုလုပ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာပေချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့ဝင်များနှင့်ပူးပေါင်း၍ စာပေကို မြတ်နိုးတန်ဖိုးထားသူများ တိုးပွားလာစေရန် ရည်ရွယ်၍ ယနေ့နေ့လယ်(၁)နာရီက စာရေးဆရာချစ်နိုင်(စိတ်ပညာ)၏ “ခေါင်းဆောင်ကောင်း” စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့သည်။

ပင်းတယမြို့နယ်၌ (၄၃)ကြိမ်မြောက် မြို့လုံးကျွတ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပ

‎ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၌ မြို့နယ်လုံးကျွတ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲအား ၁၃၈၇ ခုနှစ်၊ ဝါခေါင်လကွယ်နေ့၊ ယနေ့မွန်းလွဲ ၁ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

တန့်ယန်းမြို့နယ်တွင် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းအခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်တွင် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းအခမ်းအနားကို ဩဂုတ်လ ၂၂ ရက် နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ကျိုင်းတုံမြို့၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာအချက်အလက်များအတွက် ပျက်စီးဆုံးရှုံးမှုစာရင်းများ ကောက်ယူမည့်ပုံစံရှင်းလင်းခြင်း ဆင့်ပွားသင်တန်းဖွင့်

ရှမ်းပြည်နယ်(အ‌ရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာအချက်အလက်များအတွက် ပျက်စီးဆုံးရှုံးမှုစာရင်းများ ကောက်ယူမည့်ပုံစံရှင်းလင်းခြင်း ဆင့်ပွားသင်တန်းဖွင့်ပွဲကို ယမန်နေ့က ကျိုင်းတုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမတွင် ကျင်းပသည်။

မိုးနဲမြို့နယ်၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု Bakery အမျိုးမျိုးထုတ်လုပ်မှု နည်းပညာသင်တန်းဆင်း

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် နားခံကျေးရွာ၌ လွိုင်လင်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ အစီအစဉ်ဖြင့် အသေးစား၊ အငယ်စားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေ တိုးပွားစေရန် ရည်ရွယ်၍ Bakery အမျိုးမျိုး ထုတ်လုပ်မှုနည်းပညာသင်တန်း ဆင်းပွဲအခမ်းအနားကို အဆိုပါကျေးရွာနယ်မြေ(၃)ရုံးနေရာ၌ ယနေ့နံနက် ၁၀ နာရီခွဲအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
Subscribe to ရှမ်းပြည်နယ်