ရှမ်းပြည်နယ်

မိုင်းယောင်းမြို့၌ တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေး အထောက်အကူပြုပစ္စည်းများပေးအပ်ပွဲ အခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေသည် ယမန်နေ့က မြို့နယ်ပညာရေးမှူးရုံး အစည်းအဝေးခန်းမ၌ တက္ကသိုလ်ဝင်တန်းအောင်ချက်မြင့်မားရေး အထောက်အကူပြုပစ္စည်းများ ပေးအပ်ပွဲအခမ်းအနား တက်ရောက်သည်။

ကျိုင်းတုံမြို့၌ အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှု အထိမ်းအမှတ် အခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့၌ အမျိုးသမီးများအကြမ်းဖက်မှုပပျောက်ရေးနှင့် (၁၆)ရက်တာ လှုပ်ရှားမှုအထိမ်းအမှတ် အခမ်းအနားကို ယမန်နေ့က အမှတ်(၃)ရပ်ကွက်ရှိ မူလတန်းကြိုကျောင်းခန်းမတွင် ကျင်းပသည်။

မိုင်းခုတ်မြို့ လူထုအခြေပြုဗဟိုဌာန(community center)ခန်းမတွင် စာဖတ်ရှိန်​မြှင့်တင်ရေးနံရံကပ်စာ​စောင်နှင့် စာအုပ်စာစောင်ပြသ

ရှမ်း​ပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ လူထုအခြေပြုဗဟိုဌာန(community center)ခန်းမတွင် ယနေ့နံနက် ၁၀ နာရီခွဲက စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးနံရံကပ်စာစောင်နှင့် စာအုပ်စာစောင်များ ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရပ်စောက်မြို့၌ လူငယ်နှင့်စာဖတ်ခြင်းအသိပညာပေးဟောပြောပွဲ ဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်တွင် လူငယ်နှင့်စာဖတ်ခြင်းအသိပညာပေးဟောပြောပွဲကို ယနေ့ နံနက်ပိုင်းက အမှတ်(၁၀)အခြေခံပညာမူလတန်းကျောင်းနှင့် အမှတ်(၁)အခြေခံပညာမူလတန်းလွန်ကျောင်း၌ ‌ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကွန်ဟိန်းမြို့၊ အမှတ်(၃)အခြေခံပညာမူလတန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ၊ နယ်လှည့်စာကြည့်တိုက်နှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း) ကွန်ဟိန်းမြို့၊ အမှတ်(၃)အခြေခံပညာမူလတန်းကျောင်း၌ ယမန်နေ့က ကျောင်းသား/ကျောင်းသူများအား စာဖတ်ရှိန်မြှင့်တင်ရေး၊ စာဖတ်သည့် အလေ့အထကောင်းများရရှိစေရန် ရည်ရွယ်၍ အသိပညာပေးဟောပြောပွဲ၊ နယ်လှည့်စာကြည့်တိုက်နှင့် နံရံကပ်စာစောင်ပြပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ညောင်ရွှေမြို့နယ် တောင်ခြေကျေးရွာ အခြေခံပညာမူလတန်းကျောင်းနှင့် အမက(၂)မူလွန်ကျောင်း၌ နယ်လှည့်လှုပ်ရှားမှု ကွင်းဆင်းဆောင်ရွက်

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညောင်ရွှေမြို့နယ်ရုံးသည် အခြေခံပညာ ကျောင်းသား/ကျောင်းသူလေးများ အားလပ်ချိန်ကို အကျိုးရှိစွာအသုံးချတတ်စေရန်၊ အသိပညာဗဟုသုတတိုးပွားလာစေရန်၊ စာဖတ်ခြင်းအလေ့အထကောင်းများ ရရှိလာစေရန် ရည်ရွယ်ချက်ဖြင့် အခြေခံပညာကျောင်းများသို့သွားရောက်၍ ဟောပြောပွဲများဆောင်ရွက်ခြင်း၊ လူငယ်သိပညာပေးပြပွဲဆောင်ရွက်ခြင်း၊ အသိပညာပေးနံရံကပ်စာစောင်များ ပြသခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက ညောင်ရွှေမြို့နယ်၊  တောင်ခြေကျေးရွာအခြေခံပညာ မူလတန်းကျောင်း၌ လူငယ်အသိပညာပေးဟောပြောပွဲနှင့် လူငယ်အသိပညာပေးပြပွဲ၊ နံရံကပ်စာစောင်ပြပွဲလှုပ်ရှားမှု ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ခိုလမ်မြို့၌ ရွေးကောက်ပွဲတွင် ပြည်သူများ ပါဝင်မဲပေးနိုင်ရေးအတွက် ဒို့အတူတူမဲပေးကြမယ် လက်ကမ်းစာစောင်များ ဖြန်ဝေ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့တွင် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာအသိပညာပေး လှုံဆော်ရေး အစီအစဉ်များကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာလ ၅ ရက်နေ့ မွန်းလွဲ (၁) နာရီအချိန်က ဒို့အတူတူမဲပေးကြမယ် အသိပညာပေးလက်ကမ်းစာစောင်များကို တာ၀န်ရှိသူများ ပူးပေါင်း၍ အခမဲ့ဖြန့်ဝေဆောင်ရွက်ခဲ့သည်။

မိုင်းနောင်မြို့တွင် မိုင်းရှူးခရိုင် အမျိုးသမီးရေးရာအဖွဲ့မှကြီးမှူး၍ အမျိုးသမီးငယ်များဘဝ ဘက်စုံဖွံ့ဖြိုးရေး အသိပညာပေး ဟောပြောပွဲ ဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းနောင်မြို့ အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် မိုင်းရှူးခရိုင် အမျိုသမီးရေးရာ အဖွဲ့မှကြီးမှူး၍ အမျိုးသမီးငယ်များဘဝ ဘက်စုံဖွံ့ဖြိုးရေး အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် (၉) နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

လဲချားမြို့တွင် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း) လဲချားမြို့နယ်တွင် ဖွင့်လှစ်သော လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၂ နာရီအချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမတွင် ကျင်းပခဲ့သည်။

မိုးနဲမြို့နယ်တွင် မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ရေး စမ်းစစ်ခြင်းများဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ရေး စမ်းစစ်ခြင်းကို ဒီဇင်ဘာလ ၃ ရက်နေ့မှ ယနေ့အထိ အခြေခံပညာအထက်တန်းကျောင်း ပုလဲဆောင်ခန်းမ၌ ကျင်းပပြုလုပ်သည်။
Subscribe to ရှမ်းပြည်နယ်