ရှမ်းပြည်နယ်

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေး ဟိုပုံးမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြို့နယ်ပညာရေးမှူးဖလား အခြေခံပညာကျောင်းပေါင်းစုံ U13/U17 အမျိုးသားဘောလုံးပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား တက်ရောက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြို့နယ်ပညာရေးမှူးဖလား အခြေခံပညာကျောင်းပေါင်းစုံ U 13 / U17 အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီခွဲက မြို့မအားကစား၌ ကျင်းပပြုလုပ်သည်။

မြန်မာ့ဂုဏ်ဆောင် ကမ္ဘာ့ချန်ပီယံ Yangon Galacticos Esports အားကစားအသင်းကို ရှမ်းပြည်နယ် ပြည်သူများက သောင်းသောင်းဖြဖြ ကြိုဆို

ဆော်ဒီအာရေဗျနိုင်ငံ၊ Riyadh မြို့၌ ကျင်းပခဲ့သည့် Esports အားကစားကမ္ဘာ့ဖလားပြိုင်ပွဲ ၂၀၂၅ တွင် ကမ္ဘာ့ချန်ပီယံဆု ရရှိခဲ့သော မြန်မာ့ဂုဏ်ဆောင် ကမ္ဘာ့ချန်ပီယံ Yangon Galacticos အားကစားအသင်းသည် သြဂုတ် ၃၀ ရက် မွန်းလွဲပိုင်းတွင် တောင်ကြီးမြို့သို့ ရောက်ရှိလာခဲ့ရာ ရှမ်းပြည်နယ်မှ ဒေသခံပြည်သူများက သောင်းသောင်းဖြဖြ ကြိုဆိုခဲ့ကြသည်။

ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဖလား၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများနှင့် ခရိုင်များအလိုက် အသက်(၂၅)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲနှင့် အေရိုးဗစ်ပြိုင်ပွဲ ဖွင့်ပွဲကျင်းပ

၂၀၂၅ ခုနှစ် ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဖလား၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများနှင့် ခရိုင်များအလိုက် အသက်(၂၅)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲနှင့် အေးရိုးဗစ်ပြိုင်ပွဲဖွင့်ပွဲကို ယမန်နေ့နံနက်(၈)နာရီက တောင်ကြီးမြို့၊ ပြည်နယ်အကစားကွင်း၌ ကျင်းပသည်။

ကလောမြို့နယ်၌ ဂျီအီးစီ(ပညာရေး)နှင့် မြတ်ပညာငွေစုငွေချေး သမဝါယမအသင်း (လီမိတက်)၂၀၂၄-၂၀၂၅ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေး‌ကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ ဂျီအီးစီ(ပညာရေး)နှင့် မြတ်ပညာငွေစုငွေ ချေးသမဝါယမအသင်း(လီမိတက်) ၂၀၂၄-၂၀၂၅ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေး‌ကို ယမန်နေ့နံနက် ၉ နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း တေဇခန်း၌ ကျင်းပပြုလုပ်ခဲ့သည်။

လဲချားမြို့နယ် မတ်လန်းကျေးရွာတွင် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)ဖြင့် ဆန္ဒမဲပေးနည်း အသိပညာပေးခြင်းသို့ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးအဖွဲ့မှ ကွင်းဆင်းကြည့်ရှု

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လဲချားမြို့နယ် မတ်လန်း‌ကျေးရွာတွင် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)ဖြင့် ဆန္ဒမဲပေးနည်း အသိပညာပေးခြင်းနှင့် လက်တွေ့သရုပ်ပြစမ်းသပ်ဆန္ဒမဲပေးခြင်းကို ယနေ့နံနက် ၉ နာရီက မတ်လန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

နမ့်စန်မြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဆိုင်ရာ အသိပညာပေးခြင်း ဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVMဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းကို ယနေ့နံနက် ၁၀ နာရီက အမှတ်(၃)ရပ်ကွက်ရှိ မြို့မဘုန်းကြီးကျောင်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဝမ်ဆော့ကျေးရွာ၌ မြန်မာအီလက်ထရောနစ်မဲပေးစက် အသုံးပြု၍ လက်တွေ့စမ်းသပ်မဲပေးခြင်း အသိပညာပေးဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးမြို့နယ်တွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဥက္ကဋ္ဌ ဦးကျော်မင်းလှိုင်နှင့် အဖွဲ့ဝင်များက မြန်မာအီလက်ထရောနစ်မဲပေးစက် အသုံးပြု၍ လက်တွေ့စမ်းသပ်မဲပေးခြင်းကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် (၉)နာရီခွဲအချိန်က ဝမ်ဆော့ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

(၂၆) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ သွားရောက်ယှဉ်ပြိုင်မည့် ခရိုင်ကိုယ်စားပြုအဖွဲ့အား အောင်နိုင်ရေးအလံ ပေးအပ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဗလမင်းထင်ခန်းမ၌ ယနေ့နံနက် (၉)နာရီခွဲက (၂၆) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (ပြည်နယ်အဆင့်) ပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်မည့် ခရိုင်ကိုယ်စားပြုအဖွဲ့အား အောင်နိုင်ရေးအလံ ပေးအပ်ခြင်းနှင့် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခြင်းအခမ်းအနား ကျင်းပသည်။

မိုးနဲမြို့နယ်၌ MCCT အစီအစဉ် အသိပညာပေးသင်တန်းဖွင့်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ် ကမ္ဘောဇခန်းမ၌ ယမန်နေ့နံနက်ပိုင်းက လူမှုဝန်ထမ်းဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် MCCT အစီအစဉ် အသိပညာပေးသင်တန်း ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

မိုင်းဆတ်မြို့နယ် ပညာရေး(ဂျီအီးစီ) သမဝါယမအသင်းလီမိတက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့နယ် ပညာရေး(ဂျီအီးစီ) သမဝါယမအသင်းလီမိတက်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ယမန်နေ့ နေ့လယ် (၁)နာရီက အခြေခံပညာနှင့် စက်မှုစိုက်ပျိုးမွေးမြူရေး အထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to ရှမ်းပြည်နယ်