မိုင်းရယ်မြို့နယ် မန်ဖိုင်ကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်း၌ ပန်းခင်းစီမံချက်အဆင့် (၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးနိုင်ရန် ကွင်းဆင်းဆောင်ရွက်
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနက ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား မပြုလုပ်ရသေးသည့် မန်ဖိုင်ကျေးရွာအုပ်စုအတွင်းရှိ ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးနိုင်ရန်အတွက် ယနေ့နံနက် ၁၀ နာရီက မန်ဖိုင် ကျေးရွာ၊ အခြေခံပညာမူလတန်းလွန်ကျောင်း၌ ကွင်းဆင်းဆောင်ရွက်သည်။