ရှမ်းပြည်နယ်

ကျိုင်းတုံမြို့၌ ရုံးစာရေးသားနည်း၊ သတင်းရေးသားနည်းနှင့် စာကြည့်တိုက်ပညာသင်တန်း (၃/၂၀၂၅) သင်တန်းဖွင့်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ရုံးစာရေးသားနည်း၊ သတင်းရေးသားနည်းနှင့် စာကြည့်တိုက်ပညာသင်တန်း(၃/၂၀၂၅)သင်တန်းဖွင့်ပွဲကို  ယနေ့တွင် ကျိုင်းတုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပသည်။

နမ့်စန်မြို့နယ် လွယ်ကပ်ကျေးရွာတွင် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း ဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းကို ရပ်ကွက်နှင့်ကျေးရွာများတွင် နေ့စဉ်ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယမန်နေ့မွန်းလွဲပိုင်း ၁ နာရီက နောင်ဟီးကျေးရွာအုပ်စုရှိ လွယ်ကပ်ကျေးရွာတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

နမ့်စန်မြို့နယ် မက်မွန်မုန်းကျေးရွာနှင့် နမ့်မော်ခေါက်ဆင့်ကျေးရွာတို့တွင် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း ဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းကို ရပ်ကွက်ကျေးရွာများတွင် နေ့စဉ်ကွင်းဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက မက်မွန်မုန်းကျေးရွာအုပ်စုရှိ မက်မွန်မုန်းကျေးရွာနှင့် နမ့်မော်ခေါက်ဆင့်ကျေးရွာတို့တွင်လည်းကောင်း အသီးသီးပြုလုပ်ခဲ့ကြောင်း သိရသည်။

မိုင်းပျဉ်းမြို့တွင် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ပေးအပ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့တွင် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းမှစ၍ မြန်မာ့စီးပွားရေးဘဏ်တွင် စတင်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ကျိုင်းတုံမြို့၏  မြို့ပြဖွံ့ဖြိုးရေးစီမံကိန်းရေးဆွဲခြင်းလုပ်ငန်းနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြခြင်း အခမ်းအနားကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၏ မြို့ပြဖွံ့ဖြိုးရေးစီမံကိန်းရေးဆွဲခြင်းလုပ်ငန်းနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြခြင်းအခမ်းအနားကို ယမန်နေ့က ကျိုင်းတုံခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ အစည်းအဝေးခန်းမတွင် ကျင်းပသည်။

မိုးနဲမြို့နယ်၌ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး စာဖတ်ရှိန်မြှင့်တင်ရေး ဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် မယ်ဇလီမြိုင်ကျေးရွာအုပ်စု အမှတ်(၈) မယ်ဇလီမြိုင် အခြေခံပညာမူလတန်းကျောင်း၌ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြိုအဖြစ် ယနေ့နံနက် ၉ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကာ စာဖတ်ရှိန်မြှင့်တင်ရေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မိုင်းယန်းမြို့၌ ရပ်ကွက်နေပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) အသုံးပြုခြင်းဆိုင်ရာ အသိပညာပေးခြင်း ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်၌ ရပ်ကွက်၊ ကျေးရွာနေ ဒေသခံတိုင်းရင်းသားပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) အသုံးပြုခြင်းဆိုင်ရာ  အသိပညာပေးခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ရှိရာ ယမန်နေ့ည ၇ နာရီက ဈေးတန်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌  ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မိုင်းခုတ်မြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကဗျာရွတ်ဆိုပြိုင်ပွဲ ပြုလုပ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(community centre) ခန်းမတွင်​ ယနေ့နံနက်ပိုင်းက ကဗျာရွတ်ဆိုပြိုင်ပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

မန်ကန်မြို့ အ.လ.က(ခွဲ) ငှက်ကာကျောင်းတွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲ ကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း) “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မန်ကန်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား/ကျောင်းသူများအား ဗလငါးတန်နှင့်ပြည့်စုံ၍ အသိပညာဗဟုသုတများရရှိစေပြီး အတွေးအခေါ် ကောင်းများမှန်ကန်စေရေးအတွက် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲကို စက်တင်ဘာ ၈ ရက်နေ့မွန်းလွဲပိုင်းအချိန်က မန်ကန်မြို့ အ.လ.က(ခွဲ)ငှက်ကာကျောင်းတွင် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

မိုင်းခုတ်မြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စကားပုံဆက်ပြိုင်ပွဲ ပြုလုပ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (community centre) ခန်းမတွင်​ ယနေ့မွန်းလွဲ ၁ နာရီက စကားပုံဆက်ပြိုင်ပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to ရှမ်းပြည်နယ်