ရှမ်းပြည်နယ်

မိုင်းယန်းခရိုင်၊ မိုင်း‌ယန်းမြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)အသုံးပြုခြင်းဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း အခမ်းအနားကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်တွင် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများအား မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)အသုံးပြုခြင်းဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ဟောကန်ရပ်ကွက်အတွင်းရှိ မြို့နယ်အားကစားခန်းမ၌ ကျင်းပသည်။

မူဆယ်မြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းနှင့် စာအုပ်စာစောင်ပြပွဲ ဆောင်ရွက်

ရှမ်းပြည်နယ် (မြောက်ပိုင်း) မူဆယ်မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအဖြစ် လူငယ်စကားဝိုင်း၊ စာအုပ်/စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲက ယနေ့နံနက် (၁၀) နာရီအချိန်က အ.ထ.က(၁) ကျောင်းခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မိုးနဲမြို့နယ်၌ မိုဘိုင်း Library စနစ်ဖြင့် စာအုပ် စာစောင်များ အခမဲ့ကွင်းဆင်းငှားရမ်း

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အခြေခံပညာကျောင်းများသို့ မိုဘိုင်း Libraryစနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ကွင်းဆင်း ငှားရမ်းပေးလျက်ရှိရာ ယနေ့နံနက် ၉ နာရီ(ခွဲ)အချိန်က အမှတ်(၃)ပေါ့မိုင်း အခြေခံပညာမူလတန်းကျောင်းသို့ မိုဘိုင်း Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ ကွင်းဆင်းငှားရမ်းပေးခဲ့ကြောင်း သိရသည်။

လားရှိုးမြို့ ပြည်သူ့‌ဆေးရုံကြီးတွင် (၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့တွင် (၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စက်တင်ဘာ ၁၀ ရက်နေ့က ပြည်သူ့ဆေးရုံကြီးတွင် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခဲ့ကြသည်။

ဟိုပုံးမြို့နယ်၌ (၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်သူ့ဆေးရုံ၌ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် (၆၁) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယမန်နေ့နံနက်ပိုင်းက ဟိုပုံးမြို့ ပြည်သူ့ဆေးရုံတွင် စုပေါင်းသန့်ရှင်း‌ရေးဆောင်ရွက်ခဲ့ကြသည်။

ကွန်ဟိန်းမြို့၌ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ပေးအပ်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့တွင် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့နံနက်(၁၀)နာရီက  မြန်မာ့စီးပွားရေးဘဏ်တွင် ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

မိုင်းစံမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ဟောပြောပွဲဆောင်ရွက်

ကျောင်းသား၊ ကျောင်းသူများ လူငယ်လူရွယ်များ အသိပညာဗဟုသုတ တိုးပွားလာစေရန်၊ အတွေးအမြင်များ ကျယ်ပြန့်လာစေရန် မိမိတို့သိထားသောဗဟုသုတများကို အချင်းချင်းပြန်လည်မျှ ဝေတတ်စေရန်ရည်ရွယ်ကာ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းစံမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ဟောပြောပွဲကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က ဆောင်ရွက်ခဲ့သည်။

မိုင်းဆတ်မြို့၌ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၂)နှစ်အောက် ကလေးသူငယ်များအား (MCCT) အာဟာရအသိပညာပေးဆင့်ပွား သင်တန်းကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား (MCCT)အာဟာရ အသိပညာပေးဆင့်ပွားသင်တန်းကို ယနေ့နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မိုင်းဆတ်မြို့၌ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ခြင်းအစီအစဉ်(MCCT)အသိပညာပေးဆင့်ပွားသင်တန်း ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ခြင်းအစီအစဉ်(MCCT) အသိပညာပေးဆင့်ပွားသင်တန်းကို ယမန်နေ့ နံနက် ၉ နာရီက မြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ကလောချောင်းရေကြီးရေလျှံမှုမဖြစ်ပေါ်စေရေးနှင့် ရေစီးလာကောင်းမွန်စေရေးလုပ်ငန်းများ အရှိန်အဟုန်တိုးမြှင့် ဆောင်ရွက်

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောခရိုင်၊ ကလောမြို့တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ကြီးကြပ်လမ်းညွှန်မှုဖြင့် ကလောခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ကလောချောင်းအား ရေကြီးရေလျှံမှုမဖြစ်ပေါ်စေရေးနှင့် ရေစီးရေလာကောင်းမွန်စေရေးအတွက် နုန်း‌မြေများ ဆယ်ယူခြင်း၊ ချောင်းအတွင်း အမှိုက်များ ပိတ်ဆို့မှုမဖြစ်စေရေးအတွက် မလိုအပ်သည့် လူကူးတံတားများပယ်ဖျက်ခြင်းတို့ကို ပုံမှန်ဆောင်ရွက်လျက်ရှိကြောင်း သိရှိသည်။
Subscribe to ရှမ်းပြည်နယ်