ကျောက်မဲမြို့တွင် ဖွင့်လှစ်ထားသည့် အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းတွင် G-9 အောင်မြင်ပြီးသူများ တက်ရောက်နိုင်ကြောင်း အသိပညာပေး ဟောပြော
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲမြို့၊ အ.ထ.က (၃) ကျောင်း၌ ဖွင့်လှစ်ထားသည့် အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းသို့ Grade-9 အောင်မြင်ပြီးသူ ကျောင်းသား၊ ကျောင်းသူများ လျှောက်ထား တက်ရောက်နိုင်ကြောင်း ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိစေရန်ရည်ရွယ်၍ တာဝန်ရှိသူများသည် ယမန်နေ့ နေ့လယ် ၂ နာရီ အချိန်က အ.ထ.က (၁) သီရိရတနာခန်းမတွင် အသိပညာဟောပြောပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။