ရှမ်းပြည်နယ်

တာချီလိတ်မြို့၌ ရေကြီးရေလျှံမှုဖြစ်ပွား

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ မိုးများသည်းထန်စွာရွာသွန်ခြင်းနှင့် တောင်ကျရေများစီးဆင်းကာ မယ်ဆိုင်ချောင်းရေ မြင့်တက်လာခြင်းကြောင့် ယနေ့နံနက်ပိုင်းစ၍ ဗိုလ်ချုပ်လမ်းမကြီးအပါအဝင် အနိမ့်ပိုင်းရပ်ကွက်များတွင် ရေကြီးရေလျှံမှုဖြစ်ပွားလျက်ရှိသည်။

မိုင်းဖြတ်မြို့နယ်၊ ဝမ်နောင်‌ကျေးရွာ၌ အသိပညာပေးဟောပြောပွဲများ ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာနှင့် ဆက်သွယ်ရေးလိမ်လည်မှု အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက ဝမ်နောင်ကျေးရွာ၊ ကျေးရွာခန်းမဆောင်၌ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ပင်လုံမြို့၌ ၂၀၂၅ မိုးရာသီဖလား ရပ်ကွက်/ကျေးရွာအမျိုးသား(အလွတ်တန်း) ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲ(ဖိုင်နယ်)ပွဲစဉ်နှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့၌ မိုးရာသီဖလား၊ ရပ်ကွက်/ကျေးရွာ အမျိုးသား(အလွတ်တန်း) ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့ ညနေ ၃ နာရီအချိန် ပင်လုံမြို့ အားကစားကွင်းအတွင်း၌ ဆောင်ရွက်ခဲ့သည်။

လားရှိုးမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် အခြေခံတရုတ်စာ (၁/၂၀၂၅) သင်တန်းဖွင့်ပွဲ ကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လားရှိုးခရိုင်ရုံးနှင့် လင်းလပြည့်ဝန်း ကိုယ်ပိုင်အထက်တန်းကျောင်းတို့ ပူးပေါင်း၍ အခြေခံတရုတ်စာ (၁/၂၀၂၅) သင်တန်းဖွင့်ပွဲကို ယနေ့နံနက်(၇)နာရီက လားရှိုးခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပသည်။

ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းမြောက်)ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်း လားရှိုးမြို့ မြန်မာစီးပွားရေးဘဏ်၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ပင်စင်လစာထုတ်ပေးမှုနှင့် အကျိုးပြုလုပ်ငန်းဆောင်ရွက်ပေးနေမှုအား ကြည့်ရှုအားပေး

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင် ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းမြောက်)ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်း လားရှိုးမြို့ မြန်မာစီးပွားရေးဘဏ်၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ပင်စင်လစာထုတ်ပေးမှုနှင့် အကျိုးပြုလုပ်ငန်းဆောင်ရွက်ပေးနေမှုအား ကြည့်ရှုအားပေးခြင်းကို ယနေ့နံနက် (၉)နာရီခွဲက ဆောင်ရွက်သည်။

ရပ်စောက်မြို့နယ်၌ မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိမ်းသိမ်းရေးကော်မတီမှ လျှပ်စစ်အသိ၊ လျှပ်စစ်သတိအကြောင်း အသိပညာပေးဆွေးနွေးပွဲ ကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးအစည်းအဝေးခန်းမ၌ ယနေ့နံနက် ၁၀ နာရီက မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိမ်းသိမ်းရေးကော်မတီမှ လျှပ်စစ်အသိ၊ လျှပ်စစ်သတိအကြောင်း အသိပညာပေးဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့သည်။

လွိုင်လင်မြို့ အ.မ.က(၃) မူလွန်ကျောင်း၌ ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့အထိမ်းအမှတ် ဆေးရောင်ခြယ်ပြိုင်ပွဲပြုလုပ်

ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့နယ်၊ ကြက်ခြေနီတပ်ဖွဲ့မှ ကြီးမှူး၍ ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့အထိမ်းအမှတ် ဆေးရောင်ခြယ်ပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲများကို ယမန်နေ့ နံနက်ပိုင်းက အမှတ်(၃) အခြေခံပညာမူလတန်းလွန်ကျောင်း၌ ပြုလုပ်သည်။

မိုင်းကိုင်မြို့နယ်၌ ရှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်း ဖလား အမျိုးသားအလွတ်တန်း မိုးရာသီဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၌ ရှမ်းစာပေနှင့်ယဉ်ကျေးမှု အသင်းဖလား၊ အမျိုးသားအလွတ်တန်း မိုးရာသီဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာလ ၂၀ ရက်နေ့ မွန်းလွဲ (၂)နာရီက မြို့မအားကစားဘောလုံးကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

မူဆယ်မြို့၌ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၌  ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန် မြှင့်တင်ရေးပွဲတော် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က အမှတ်(၂)၊ အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ကလောခရိုင်အတွင်းရှိ ၂၀၂၄-၂ဝ၂၅ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သော ဂုဏ်ထူးရကျောင်းသား၊ ကျောင်းသူများအား “ပညာရည်ချွန်ဆု ဂုဏ်ပြုချီးမြှင့်ပွဲ” တက်ရောက်

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောခရိုင်အတွင်းရှိ ၂၀၂၄-၂ဝ၂၅ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သော ဂုဏ်ထူးရကျောင်းသား၊ ကျောင်းသူများအား “ပညာရည်ချွန်ဆု ဂုဏ်ပြုချီးမြှင့်ပွဲ” အခမ်းအနားကို စက်တင်ဘာလ ၁၉ ရက်နေ့ညနေ ၃ နာရီက ကလောမြို့၊ မြို့နယ်ခန်းမ၌ကျင်းပခဲ့ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ က‌လော၊‌ ညောင်ရွှေ၊ ဖယ်ခုံမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ကျောင်းအုပ်ဆရာ၊ ဆရာမကြီးများ၊ ကျောင်းသား၊ ကျောင်းသူများတက်ရောက်ခဲ့သည်။
Subscribe to ရှမ်းပြည်နယ်