ရှမ်းပြည်နယ်

ကလောမြို့နယ်၊ မြင်းမထိကျေးရွာ၌ ကျန်းမာရေးအသိပညာ‌ပေး ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ မြင်းမထိကျေးရွာ၊ ဘုန်းတော်ကြီးကျောင်း၌ ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများက ကျန်းမာရေးအသိပညာ‌ပေး ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကျိုင်းလပ်မြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး (Book Club) အဖွဲ့ဝင်များဖြင့် စာဖတ်ဝိုင်း ပြုလုပ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာပေချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့ဝင်များနှင့် ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးအတွက်ရည်ရွယ်၍ ယနေ့ နံနက် (၉)နာရီက စာရေးဆရာမခင်စောတင့်၏ “ဆုံးဖြတ်ဖို့ခက်ခဲနေမယ်ဆိုရင်” စာအုပ်ဖြင့် စာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်ခဲ့သည်။

က‌လောမြို့နယ်၌ သမ၀ါယမအသင်းလီမိတက်မှ မိုးစပါးစိုက်ပျိုးထားရှိမှုအ‌ခြေအနေအား တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး

ရှမ်းပြည်နယ်‌တောင်ပိုင်း၊‌‌ က‌လောမြို့နယ်၊‌ ‌၀ါးရုံပင်ကျေးရွာအုပ်စု၊ ၀ါးရုံပင်‌‌ကျေးရွာရှိ စီမံကိန်းသီးနှံ(သက်တံ့‌ရောင်စီမံကိန်း)စိုက်ပျိုးလျက်ရှိသည့် ရွှေရင်အေးစိုက်ပျိုး‌ရေးနှင့်အ‌ထွေထွေလုပ်ငန်းသမ၀ါယမအသင်းလီမိတက်မှ မိုးစပါးစိုက်ပျိုးထားရှိသည့် စိုက်ကွင်းအမှတ်(၂)အခြေအနေအား စက်တင်ဘာလ ၂၁ ရက်‌နေ့ မွန်းလွှဲ ၁ နာရီက တာဝန်ရှိသူများက ကွင်းဆင်း‌ကြည့်ရှုစစ်‌ဆေးခဲ့ကြောင်း သိရသည်။

မိုင်းရယ်မြို့ လူထုအခြေပြုဗဟိုဌာန၌ အထွေထွေဗဟုသုတနှင့် ဉာဏ်စမ်းပြိုင်ပွဲ ကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဦးစီး၍ ကျောင်းသား၊ ကျောင်းသူ လူငယ်များ အသိပညာဗဟုသုတကြွယ်ဝစေရန်ရည်ရွယ်၍ အထွေထွေဗဟုသုတနှင့် ဉာဏ်စမ်းပြိုင်ပွဲကို ယမန်နေ့ နေ့လယ် ၁ နာရီက ပြည်သူ့စာကြည့်တိုက်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

‎ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ပင်းတယမြို့နယ်၊ နန်းကုန်းကျေးရွာအုပ်စု၊ နန်းကုန်းနီးကျေးရွာတွင် ကျင်းပသည့် MEVM (မြန်မာအီလက်ထရောနစ်မဲပေးစက်) ဆိုင်ရာအသိပညာပေးခြင်းအခမ်းအနားသို့ တက်ရောက်

‎ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၊ နန်းကုန်းကျေးရွာအုပ်စု၊ နန်းကုန်းနီးကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ယနေ့နံနက် ၁၀ နာရီအချိန်က MEVM (မြန်မာအီလက်ထရောနစ်မဲပေးစက်) ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးစေခြင်း အခမ်းအနားနှင့် ဒေသခံပြည်သူများနှင့်တွေ့ဆုံပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မူဆယ်မြို့တွင် မြန်မာ့အီလက်ထရောနစ်မဲပေးစက်(MEVM) စနစ်ဖြင့် လက်တွေ့စမ်းသပ်မဲပေးခြင်း အသိပညာပေး

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့တွင် ခရိုင်/မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မြန်မာ့အီလက်ထရောနစ်မဲပေးစက် (MEVM) စနစ်ဖြင့် လက်တွေ့စမ်းသပ်မဲပေးခြင်း အသိပညာပေးဆောင်ရွက်ခြင်းကို ယနေ့မွန်းလွဲ (၂) နာရီအချိန်က မူဆယ်မြို့၊ စွမ်စော်ရပ်ကွက်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန နောင်ချိုမြို့နယ် ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်အဆင့်(၃) ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း) နောင်ချိုမြို့နယ် ကန်ကြီးကျေးရွာ၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန နောင်ချိုမြို့နယ် ဦးစီးမှူးရုံးမှလဝကမှူး ဦးဆောင်၍ ယမန်နေ့က အိမ်ထောင်စုလူဦးရေနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးခြင်း လုပ်ငန်းပန်းခင်းစီမံချက်အဆင့်(၃) ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မိုးနဲမြို့နယ်၌ ကြက်ခြေနီသာမန်ရှေးဦးပြုစုခြင်းသင်တန်း (၁/၂၀၂၅)ဆင်းပွဲကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် ကြက်ခြေနီအသင်းခွဲ၏ ကြီးကြပ်မှုဖြင့် ကြက်ခြေနီသာမန်ရှေးဦးပြုစုခြင်း သင်တန်း(၁/၂၀၂၅)ဆင်းပွဲကို ယမန်နေ့မွန်းလွဲ ၃ နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း ပုလဲဆောင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဆီဆိုင်မြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ဦးစီးဌာန၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံဖြိုးရေးသင်တန်းကျောင်း(ဆိုက်ခေါင်)၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍  ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂစသည့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကို ယမန်နေ့နံနက်(၉)နာရီအချိန်က နယ်စပ်ဒေသတိုင်းရင်သား လူငယ်များဖွံဖြိုးရေးသင်တန်းကျောင်း(ဆိုက်ခေါင်)ရှိခန်းမ၌ ကျင်းပသည်။

တာချီလိတ်မြို့၌ ရေကြီးရေလျှံမှုဖြစ်ပွား

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ မိုးများသည်းထန်စွာရွာသွန်ခြင်းနှင့် တောင်ကျရေများစီးဆင်းကာ မယ်ဆိုင်ချောင်းရေ မြင့်တက်လာခြင်းကြောင့် ယနေ့နံနက်ပိုင်းစ၍ ဗိုလ်ချုပ်လမ်းမကြီးအပါအဝင် အနိမ့်ပိုင်းရပ်ကွက်များတွင် ရေကြီးရေလျှံမှုဖြစ်ပွားလျက်ရှိသည်။
Subscribe to ရှမ်းပြည်နယ်