သထုံမြို့နယ်အတွင်းဆောင်ရွက်နေသည့် ကျေးလက်လမ်း၊ တံတားလုပ်ငန်းများအား တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး
မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်း ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်ငွေလုံးငွေရင်းရံပုံငွေဖြင့် ဆောင်ရွက်နေသည့် လုပ်ငန်းများကို ခရိုင်လက်ထောက်ညွှန်ကြားရေးမှူး (မြို့ပြ) ဦးဆောင်၍ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများမှ ဩဂုတ်လ(၇)ရက်နေ့က လိုက်လံကွင်းဆင်းစစ်ဆေးခဲ့ကြသည်။