ကျိုက်ထိုမြို့နယ်တွင် အသက်(၂)နှစ်အောက် ကလေးသူငယ်များ အစာအာဟာရကျွေးခြင်းနှင့် နှစ်သိမ့်ဆွေးနွေးခြင်း (မြို့နယ်အဆင့်)သင်တန်းဖွင့်လှစ်
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်အဆင့်လူထုအတွင်း အသက်(၂)နှစ်အောက်ကလေးသူငယ်များအစာ အာဟာရကျွေးခြင်း၊ နှစ်သိမ့်ဆွေးနွေးခြင်းသင်တန်းကို ယမန်နေ့နံနက်ပိုင်းမှစတင်ပြီး မြို့နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဖွင့်လှစ်ခဲ့သည်။