သထုံမြို့၌ (၈၉) ကြိမ်မြောက် အာစိဏ္ဏာရာမ ပရိယတ္တိသာသနောဒယစာမေးပွဲ စာအောင်ဆုနှင်းသဘင် ကျင်းပ
မွန်ပြည်နယ်၊ သထုံမြို့၊ ဘင်လှိုင်ရပ်ကွက်ရှိ အာစိဏ္ဏာရာမကျောင်းတိုက်၏ (၈၉) ကြိမ်မြောက် ပရိယတ္တိသာသနောဒယစာမေးပွဲ စာအောင်သံဃာ ဓမ္မပူဇာဆုနှင်းသဘင်အခမ်းအနားကို ယမန်နေ့နံနက်က အဆိုပါကျောင်း၀င်းအတွင်းရှိ ဓမ္မသီတလကျောင်းဆောင်၌ ကျင်းပပြုလုပ်သည်။