ချင်းပြည်နယ်

ကျီခါးမြို့၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကြိုးတံတားတစ်စင်း နေရာအချို့ပျက်စီး

ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ ကျီခါးမြို့၌ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ကျီခါးမြို့မှ (၆)မိုင်ခန့်အကွာ ဗန်လိုင်ကျေးရွာ သွားလမ်းရှိ ကြိုးတံတားတစ်စင်း၌ နေရာအချို့ ပျက်စီး သွားခဲ့ကြောင်း သိရသည်။

ဖလမ်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Vero Cell) ဒုတိယအကြိမ်တွင် (၂၁၀)ဦးအား ထိုးနှံပေး

ချင်းပြည်နယ်၊ ဖလမ်းမြို့၌ အသက်(၆၅)နှစ်အထက်နှင့် အုပ်စု(၁၂)အား ကိုဗစ်-၁၉ ကာကွယ်ဆေး(Vero Cell) ဒုတိယအကြိမ် ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီမှ ညနေ(၄)နာရီအထိ ဖလမ်းမြို့၊ သူနာပြုသင်တန်းကျောင်း၊ ချယ်ရီခန်းမဆောင်၌ ကျင်းပပြုလုပ်ခဲ့သည်။

ရိခေါ်ဒါရ်မြို့၌ ကို‌ဗစ်-၁၉ ရောဂါကာကွယ်ရေးဆိုင်ရာ ကျန်းမာရေးဝန်ကြီးဌာနမှ  ပြည်သူသို့ အသိပေး ပန်ကြားချက်များကို အသံချဲ့စက်ဖြင့် ရပ်ကွက်အတွင်း လှည့်လည်ဆော်သြ

 ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေးကော်မတီ ၏ ဦးဆောင်မှုဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးဆိုင်ရာ ကျန်းမာရေးဝန်ကြီးဌာနမှ  ပြည်သူသို့ အသိပေးပန်ကြားချက်များကို အသံချဲ့စက်ဖြင့် ရပ်ကွက်အတွင်း လှည့်လည်ဆော်သြခြင်းကို စက်တင်ဘာ ၁ ရက်က ရိခေါ်ဒါရ်မြို့အတွင်း မြို့ပေါ်ရပ်ကွက်များ၌ လှည့်လည်ဆော်သြခဲ့ကြောင်း သိရသည်။

ဖလမ်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(Vero Cell) ဒုတိယအကြိမ် ထိုးနှံပေး

ချင်းပြည်နယ်၊ ဖလမ်းမြို့၌ အသက်(၆၅)နှစ် အထက်နှင့် အုပ်စု(၁၂)အား ကိုဗစ်-၁၉ ကာကွယ်ဆေး (Vero Cell) ဒုတိယအကြိမ်ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီမှ ညနေ(၄)နာရီအထိ၊ ဖလမ်းမြို့၊ သူနာပြုသင်တန်းကျောင်း၊ ချယ်ရီခန်းမဆောင်၌ ကျင်းပပြုလုပ်ခဲ့သည်။

ရိခေါ်ဒါရ်မြို့၌ ဌာနဆိုင်ရာဝန်ထမ်းများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံပေး

ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ ရိခေါ်ဒါရ်မြို့၌ တာဝန်ထမ်းဆောင်သည့် နိုင်ငံ့ဝန်ထမ်း၊ ဌာနဆိုင်ရာဝန်ထမ်းများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံခြင်းကို ယမန်နေ့ နံနက် ၉ နာရီမှစ၍ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ စတင်ထိုးနှံပေးခဲ့ ကြောင်း သိရသည်။

ချင်းပြည်နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်နယ်ဖွံ့ဖြိုး တိုးတက်ရေးအတွက် ရေတို/ရေရှည်စီမံကိန်း လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ ချင်းပြည်နယ် ဝန်ကြီးချုပ် တက်ရောက်

ချင်းပြည်နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရေတို/ရေရှည်စီမံကိန်း လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရိခေါ်ဒါရ်မြို့၌ ဌာနဆိုင်ရာဝန်ထမ်းများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံပေး

ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ ရိခေါ်ဒါရ်မြို့၌ တာဝန်ထမ်းဆောင်သည့် နိုင်ငံ့ဝန်ထမ်း၊ ဌာနဆိုင်ရာဝန်ထမ်းများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံခြင်းကို ယနေ့နံနက် ၉ နာရီမှစ၍ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ စတင်ထိုးနှံပေးခဲ့ကြောင်း သိရသည်။

တီးတိန်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံ

ချင်းပြည်နယ်တီးတိန်မြို့၌ ကို‌ဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ယနေ့နံနက် ၉နာရီက မြို့နယ်ပြည်သူ့‌ဆေးရုံအစည်းအဝေးခန်းမတွင် ကိုဗစ်-၁၉ ကာကွယ်ဆေး (Sinopharm) ဒုတိယအကြိမ်ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ဟားခါးမြို့တွင် ကိုဗစ်-၁၉ ရောဂါ ပိုး‌တွေ့လူနာသစ် (၂၃) ဦး ထပ်မံတွေ့ရှိ၊ (၁၁)ဦး ပြန်လည် ကျန်းမာလာ

ဟားခါးမြို့တွင် ယမန်နေ့က ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့လူနာသစ် (၂၃) ဦး ထပ်မံတွေ့ရှိပြီး ကိုဗစ်ရောဂါဖြင့် ဆေးကုသမှု ခံယူနေသူများအနက် (၁၁)ဦး ပြန်လည်ကျန်းမာလာသဖြင့် ဆေးရုံဆင်းခွင့် ပြုလိုက်ကြောင်း သိရသည်။

ရိခေါ်ဒါရ်မြို့ စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် Mini Budget အတွက် ကျန်ရှိသည့် အရပ်ရပ်အခွင့်အရေးလိုင်စင် နှစ်မျိုးအား စက်တင်ဘာလ ၁ ရက်၌ ဒုတိယအကြိမ် လေလံရောင်းချမည်

ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့စည်ပင်သာယာရေးအဖွဲ့၏ အရပ်ရပ်အခွင့်အရေးလိုင်စင်များအား ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် Mini Budget လုပ်ငန်းလိုင်စင် လေးမျိုးအနက် ကျန်းရှိသည့် လုပ်ငန်းလိုင်စင် နှစ်မျိုးအား စက်တင်ဘာ ၁ ရက်၌ ချိတ်ပိတ်တင်ဒါစနစ်ဖြင့် ဒုတိယအကြိမ် လေလံရောင်းချမည်ဖြစ်ကြောင်း အများပြည်သူသိရှိနိုင်ရန် ကြော်ငြာထားကြောင်း သိရသည်။
Subscribe to ချင်းပြည်နယ်