အမျိုးသမီးဘဝ ဖွံ့ဖြိုး တိုးတက်ရေးအတွက်မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ် နာယက၊ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ဟာခါးမြို့နယ်သို့ ကွင်းဆင်းဆောင်ရွက်
ဟားခါး ဇန်နဝါရီ ၁၀
မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ် နာယက ဒေါ်နီနီဝင်း၊ ဥက္ကဋ္ဌ ဒေါက်တာ ဒေါ်သက်သက်ဇင်နှင့် အဖွဲ့ ဝင်များသည် ချင်းပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့်အတူ ယမန်နေ့က ဟားခါးမြို့နယ် ဆတ္တားကျေးရွာနှင့် လောက်လုံကျေးရွာတို့သို့ ရောက်ရှိ၍ ကျေးလက်နေအမျိုးသမီးများ၏ လူမှုစီးပွား ဘဝဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်လျက်ရှိသည့် စီမံချက်လုပ်ငန်းများ ကွင်းဆင်းကြည့်ရှု ခဲ့ကြောင်း သိရသည်။