ချင်းပြည်နယ်

ဟားခါးမြို့နယ်အတွင်း ၆၆/၁၁ ကေဗွီ (၅) အမ်ဗွီအေ လေအွမ်(ခ)ဓာတ်အားခွဲရုံဖြင့် ကျေးရွာ ၄ ရွာ ထပ်မံ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေး ဆောက်ရွက်ပြီးစီး

ကျေးလက်ဒေသများတွင် လျှပ်စစ်မီးရရှိနိုင်ရေးအတွက် နိုင်ငံတော်မှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၌ ဟားခါးမြို့နယ်အတွင်း ၆၆/၁၁ကေဗွီ (၅)အမ်ဗွီအေ လေအွမ်(ခ) ဓာတ်အားခွဲရုံဖြင့် ကျေးရွာ ၄ ရွာ ထပ်မံလျှပ်စစ်ဓာတ်အား သြဂုတ်လ ၂၇ ရက်တွင် ဖြန့်ဖြူးရေးရာခိုင်နှုန်းပြည့် ဆောက်ရွက်ပြီးစီး၍ ရွာသူ၊ ရွာသားများ ဝမ်းမြောက်လျက်ရှိကြောင်း သိရသည်။

ပလက်ဝမြို့တိုက်ပွဲရှောင်စခန်းများရှိ ပြည်သူများအား ထောက်ပံ့ငွေပေးအပ်

ချင်းပြည်နယ်အစိုးရအဖွဲ့ အဖွဲ့ဝင် စည်ပင်သာယာရေး၊ လျှပ်စစ်နှင့် စက်မှုဝန်ကြီး ဦးစိုးထက်နှင့် အဖွဲ့သည် စက်တင်ဘာလ ၉ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် ပလက်ဝမြို့ တိုက်ပွဲရှောင်စခန်းများသို့ သွားရောက်ပြီး တိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

ချင်းပြည်နယ် ကိုဗစ်−၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အစည်းအဝေးကျင်းပ

ချင်းပြည်နယ် ကိုဗစ်−၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီခွဲက ဟားခါးမြို့ ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမ၌ ကျင်းပရာ ပြည်နယ်ကိုဗစ်−၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ အတွင်းရေးမှူး၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဟန်ဝင်းအောင်၊ ပြည်နယ်လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ဦးတိုးဝင်းနှင့် ကော်မတီဝင်များ၊ ဖိတ်ကြားထားသည့်ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။

တနိုင်းမြို့နယ်တွင် Facility Quarantine ကန့်သတ်ထားရှိသူများအား ဓာတ်ခွဲနမူနာများ ရယူခြင်းနှင့် ကန့်သတ်(၂၁)ရက်ပြည့်မြောက်သူများအား နေအိမ်သို့ ပို့ဆောင်ခြင်း လုပ်ငန်းများ ဆောင်ရွက်

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်ရှိ ကင်ဆားရာရပ်ကွက်၊ ကချင်ရိုးရာမနောကွင်း၊ ဟူးကောင်းဂင်ဒိုင်ခန်းမ၌ Facility Quarantine ကန့်သတ် ထားရှိသူများအား ကိုဗစ်-၁၉ ရောဂါ ရှိ/မရှိ ဓာတ်ခွဲနမူနာများရယူခြင်းနှင့် ကန့်သတ်(၂၁)ရက်ပြည့်မြောက်သူများအား နေအိမ်သို့ ပို့ဆောင်ခြင်းကို ယနေ့ နံနက်(၈)နာရီက ကျန်းမာရေးဝန်ထမ်းများနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ရေဇွာမြို့ခြောက်လမ်းဆုံတွင် ဒုတိယအကြိမ် နှာခေါင်းစည်း(Mask)များ အခမဲ့ဖြန့်ဝေခြင်းနှင့် အသိပညာပေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်

ချင်းပြည်နယ်၊ ရေဇွာမြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ် တားဆီးနိုင်ရန်အတွက် ရေဇွာမြို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး ကော်မတီဝင်များနှင့် လူငယ်များ ပူးပေါင်းပြီး နှာခေါင်းစည်း (Mask)များ အခမဲ့ဖြန့်ဝေ ပေးခြင်းနှင့် အသိပညာပေး လုပ်ငန်းများကို ယနေ့နံနက် ၁၀ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထန်တလန်မြို့၌ ယာဉ်အန္တရာယ်ကင်းရှင်းရေး ရောင်ပြန်(Sticker) များ ကပ်နှိပ်ပေးခြင်း လုပ်ငန်းများ ဆောင်ရွက်

ချင်းပြည်နယ်၊ ဟားခါးခရိုင်၊ ထန်တလန်မြို့နယ်အတွင်း စီးနင်းလျက်ရှိသော မော်တော်ယာဉ်များ၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာမှုရှိစေရေးနှင့် ယာဉ်မတော်တဆဖြစ်ပွားမှု လျော့နည်းစေရေးရည်ရွယ်၍ ရောင်ပြန်(sticker) ကပ်နှိပ်ပေးခြင်းလုပ်ငန်းကို ယနေ့နံနက် ၉ နာရီက ဗိုလ်ချုပ်လမ်းဆုံး၌ အမှတ် (၁၀၂) ယာဉ်ထိန်းရဲတပ်ဖွဲ့စုရုံး၊ (ထန်တလန်မြို့) မှ ယာဉ်ထိန်းရဲအုပ် စိုးဝင်းသန်းဦးဆောင်သည့် ယာဉ်ထိန်းရဲတပ်ဖွဲ့များ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များနှင့် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက ဆောင်ရွက်ပေးခဲ့ကြသည်။

မတူပီမြို့၌ ၂ နှစ်အောက်ကလေးငယ်များအား လစဉ် ပုံမှန်ကာကွယ်ဆေး ထိုးနှံခြင်းဆောင်ရွက်

မတူပီမြို့၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မိခင်နှင့်ကလေး ကျန်းမာရေးဌာန ၌ စက်တင်ဘာ (၉)ရက်နှင့် (၁၀)ရက်တို့တွင် မြို့ပေါ်(၄)ရပ်ကွက်အတွင်းရှိ အသက် (၂)နှစ်အောက် ကလေးငယ်များကို လစဉ်ပုံမှန်ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကန်ပက်လက်မြို့၌ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ ကန်ပက်လက်မြို့နယ်၌ ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲအချိန် မြို့နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးတွင် ကျင်းပပြုလုပ်ကြသည်။

မင်းတပ်မြို့၌ ခရိုင်အဆင့် ကိုဗစ်−၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်

မင်းတပ်မြို့၌ အသက်ရှုလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ရောဂါ နှင့်ပတ်သက်၍ ကာကွယ် ထိန်းချုပ်ကုသနိုင်ရေးအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ခရိုင်အဆင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် ခရိုင်အထွေထွေ အုပ်ချုပ်ရေး အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်သည်။

ထန်တလန်မြို့တွင် သောက်သုံးရေ ပိုမိုရရှိရေးအတွက် အနက်ပေတစ်ရာအထက် တူးဖော်နိုင်သော တွင်းတူး စက်ကြီးဖြင့် တူးဖော်

ချင်းပြည်နယ်၊ ဟားခါးခရိုင်၊ ထန်တလန်မြို့၌ သောက်ရေ၊ သုံးရေ အခက်အခဲများ ဖြစ်ပေါ်လျက်ရှိရာ ဒေသခံပြည်သူများ သန့်ရှင်းသော သောက်သုံးရေကို ရရှိစေရေးအတွက် အနက်ပေ တစ်ရာအထက် တူးဖော်နိုင်သော တွင်းတူးစက်ကြီးဖြင့် စက်ရေတွင်းများ တူးဖော်ပေးလျက်ရှိသည်။
Subscribe to ချင်းပြည်နယ်