ချင်းပြည်နယ်

ဟားခါးမြို့သို့ ဝင်ထွက်သွားလာသည့် မော်တော်ယာဉ်အစီးရေ စုစုပေါင်း(၇၆၃)စီး၊ Swab နမူနာစစ်ဆေးသည့် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် စုစုပေါင်းဦးရေ (၁၂၀၉)ဦးအထိရှိလာ

ချင်းပြည်နယ်၊ ဟားခါးမြို့ရှိ မော်တော်ယာဉ်လိုင်းများအား ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနက ထုတ်ပြန် ကြေညာထားသော အချက်များနှင့့််အညီ မော်တော်ယာဉ်ပြေးဆွဲရာတွင် ယာဉ်မောင်းနှင့်ယာဉ် နောက်လိုက်များ လိုက်နာဆောင်ရွက် နိုင်စေရေးအတွက် ဟားခါးမြို့သို့ ဝင်ထွက်သွားလာသည့် ယာဉ်မောင်းနှင့် ယာဉ်နောက် လိုက်များအား Swab နမူနာစစ်ဆေးခြင်းကို ကျန်းမာရေးအကာအကွယ် ဝတ်စုံများ စနစ်တကျဝတ်ဆင်၍ အောက်တိုဘာလ ၉ ရက်နေ့မှစတင်၍ ဟားခါးမြို့အဝင် ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် စတင်စစ်ဆေးခဲ့ရာ နိုဝင်ဘာလ ၈ ရက်နေ့အထိ မော်တော်ယာဉ် အစီးရေ စုစုပေါင်း(၇၆၃)စီး၊ Swab နမူနာစစ်ဆေးသည့် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် စုစုပေါင်း ဦးရေ (၁၂၀၉)ဦးအထိရှိလာကြောင်း ချင်းပြည်နယ် ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးစောမြင့်လွင်ထံမှ သိရသည်။

ခိုင်ကမ်းမြို့ ကျန်းမာရေး စစ်ဆေးရေးဂိတ်တွင် ယာဉ်နောက်လိုက်တစ်ဦးတွင် ကိုဗစ်ရောဂါပိုး တွေ့ရှိ

ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ တီးတိန်မြို့နယ် ခိုင်ကမ်းမြို့ရှိ ကိုဗစ်-၁၉ ရောဂါ ရှိ မရှိကျန်းမာရေး စစ်ဆေးရေးဂိတ်တွင် ကလေးမှ ချင်းပြည်နယ်၊ တီအိုချောင်းခရီးစဉ်သို့ သွားရောက်မည့် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်ဖြစ်သူတို့အား ယနေ့နံနက် ၁၀ နာရီခွဲအချိန်တွင် ကိုဗစ်-၁၉ ရောဂါပိုး ရှိ မရှိ စစ်ဆေးရာ ယာဉ်နောက်လိုက်ဖြစ်သူတွင် Positive ဖြစ်ပြီး ယာဉ်မောင်းတွင် Negative ဖြစ်ကြောင်း သိရသည်။

ထန်တလန်မြို့၌ မဲဆန္ဒရှင်ပြည်သူများ ဆန္ဒမဲပေး

၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာလ ၈ ရက် နံနက် ၆ နာရီမှစ၍ စတင်ကျင်းပရာ ချင်းပြည်နယ်၊ ထန်တလန်မြို့ပေါ်ရှိ မဲရုံအသီးသီး၌ မဲဆန္ဒရှင်ပြည်သူများ ဆန္ဒမဲ ပေးလျက်ရှိကြောင်း သိရသည်။

၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲအတွက် ဒေသခံပြည်သူ မဲဆန္ဒရှင်များ စနစ်ကျစွာ ဆန္ဒမဲပေး

၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာ ၈ ရက်နေ့ နံနက် ၆ နာရီမှ စတင်ကျင်းပကာ ဖလမ်းမြို့ပေါ် ရပ်ကွက်(၈)ခုတွင် မဲဆန္ဒရှင်ပြည်သူများက အေးချမ်းစွာ ဆန္ဒမဲပေးလျက်ရှိကြောင်း သိရသည်။

၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပလျက်ရှိပြီး ပြဿာနာ တစ်စုံတစ်ရာမရှိဘဲ မဲဆန္ဒရှင်ပြည်သူများက ဆန္ဒမဲများ ပေးလျက်ရှိ

၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာလ ၈ ရက်နေ့ နံနက် ၆ နာရီမှစ၍ စတင်ကျင်းပကာ ဖလမ်းမြို့ရှိ မဲရုံများ၌ ပြဿာနာတစ်စုံတစ်ရာမရှိဘဲ မဲဆန္ဒရှင်ပြည် သူများက အေးချမ်းစွာ ဆန္ဒမဲများ ပေးလျက်ရှိကြောင်း စုံစမ်းသိရှိရသည်။

တီးတိန်၌ မဲဆန္ဒရှင်များ ကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီ ဆန္ဒမဲပေး

ချင်းပြည်နယ် တီးတိန်မြို့၌ ယနေ့နံနက် ၆ နာရီအချိန်မှ စတင်ရ၍ ဆန္ဒမဲပေးကြရာ စကောလမ်းရပ်ကွက်ရှိ မဲရုံအမှတ် (၄)တွင် ယခုအချိန်၌ ဆန္ဒမဲပေးခွင့်ရှိသူ ၉၇၀ ဦးအနက် ကြိုတင်မဲအပါအဝင် ၃၀ ရာခိုင်နှုန်းခန့်က ကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီ ဆန္ဒမဲပေးပြီးဖြစ် သည်။

မတူပီမြို့၌ ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်ပြည်သူများ စည်းကမ်းကျနစွာ ဆန္ဒမဲပေး

ချင်းပြည်နယ်၊ မတူပီခရိုင်၊ မတူပီမြို့နယ်တွင် ယနေ့နံနက် (၆) နာရီမှစ၍ ညနေ (၄) နာရီအချိန် အထိ မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ အုပ်စု (၇၂) တွင် ဖွင့်လှစ်ထားသည့် မဲရုံပေါင်း (၁၅၀) ရုံတွင် မဲဆန္ဒရှင်ပြည်သူများ အေးချမ်းပျော်ရွှင်စွာဖြင့် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး နည်းလမ်းများနှင့်အညီ ဆန္ဒမဲပေးလျက်ရှိကြောင်း သိရသည်။

လိုင်လင်းပီမြို့ပေါ်ရှိ မဲရုံများ၌ မဲဆန္ဒရှင်ပြည်သူများမှ ဆန္ဒမဲများပေး

ချင်းပြည်နယ်၊ လိုင်လင်းပီမြို့၌ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ယနေ့နံနက် ၆ နာရီမှစ၍ မဲဆန္ဒရှင် ပြည်သူများမှ ဆန္ဒမဲပေးခြင်းကို ဆောင်ရွက်လျက်ရှိရာ မွန်းတည့် ၁၂ နာရီ အချိန်အထိ ပြည်သူများ ဆန္ဒမဲ ပေးလျက်ရှိကြောင်း သိရသည်။

တီးတိန်တွင် မဲဆန္ဒရှင်များ ဆက်လက်မဲပေး

ချင်ပြည်နယ်၊ တီးတိန်မြို့တွင် မဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်များ ယနေ့ မွန်းလွဲ ၂ နာရီအချိန်တွင် ဆက်လက်၍ ဆန္ဒမဲများ ပေးလျက်ရှိသည်။

ဟားခါးမြို့၌ မဲဆန္ဓရှင်ပြည်သူများ ကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီ ဆန္ဒမဲပေး

ဟားခါးမြို့တွင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ မဲဆန္ဒရှင်ပြည်သူများ ယနေ့နံနက် ၆ နာရီအချိန်မှစ၍ ကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီ ဆန္ဒမဲပေးခဲ့ကြကြောင်း သိရှိရသည်။
Subscribe to ချင်းပြည်နယ်