ချင်းပြည်နယ်

ဟားခါးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ အသက်မွေးဝမ်းကျောင်း ဆိုင်ကယ်ပြုပြင် ရေးသင်တန်းဆင်းပွဲကျင်းပ

ဟားခါးမြို့နယ ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ ကိုယ်ပိုင်အသက်မွေးဝမ်း ကျောင်းအတွက် ကိုယ်ပိုင်အလုပ်အကိုင်နှင့်ဝင်ငွေရရှိစေရေး ရည်ရွယ်၍ ဒီဇင်ဘာလ ၃ မှ စတင်၍ ဆိုင်ကယ်ပြုပြင်ရေး သင်တန်းဖွင့်လှစ်သင်ကြားပေးခဲ့ပြီး ယနေ့တွင် သင်တန်းဆင်းပွဲကျင်းပပြုလုပ်ခဲ့ကြောင်းသိရှိရသည်။

ခိုင်ကမ်း၌ နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွား

တီးတိန်မြို့နယ် ခိုင်ကမ်းမြို့တွင် ဒီဇင်ဘာလ ၂၀ ရက်နေ့ည ၉ နာရီအချိန်ခန့်က အမှတ်(၂) ရပ်ကွက်တွင် နေအိမ်တစ်လုံး မီးလောက်ကျွမ်းကာ အသက် ၃၅ နှစ်အရွယ်ရှိ အိမ်စောင့် အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။

တီးတိန်မြို့ ပြည်သူ့ဆေးရုံ၌ ဆေးကုသမှုခံယူသည့် ကိုဗစ် -၁၉ ရောဂါပိုးတွေ့ အတည်ပြုလူနာ Case- 104768 နှင့် Case- 104769 ကျန်းမာရေးကောင်းမွန်သဖြင့်ဆေးရုံမှဆင်း

ချင်းပြည်နယ်၊ တီးတိန်မြို့ပြည်သူ့ဆေးရုံ၌ စောင့်ကြပ်ဆေးကုသမှုခံယူသည့် ကိုဗစ်- ၁၉ ရောဂါပိုးတွေ့ အတည်ပြုလူနာ Case -104768 နှင့် Case- 104769 တို့သည် ကျန်းမာရေး ကောင်းမွန်သဖြင့် ယနေ့ နံနက် ၁ဝ နာရီတွင် အဆိုပါ ဆေးရုံမှ ဆင်းခွင့်ပြုလိုက်ပြီဖြစ်ကြောင်း သိရသည်။

တီးတိန်၌ မြို့နယ်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့မှ နှာခေါင်းစည်း အခမဲ့ဖြန့်ဝေခြင်းနှင့် အသိပညာပေးခြင်း လုပ်ငန်းဆောင်ရွက်

ချင်းပြည်နယ်၊ တီးတိန်မြို့၌ မြို့နယ်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့မှ နှာခေါင်းစည်း အခမဲ့ဖြန့်ဝေခြင်းနှင့် အပြင်သွားပါက နှာခေါင်းစည်း မဖြစ်မနေတပ်ဆင်ရေး အသိပညာပေးခြင်း လုပ်ငန်းကို ယမန်နေ့ နံနက် ၁၁ နာရီက မြို့မရပ်ကွက် နာရီစင်အနီးတွင် ဆောင်ရွက်ကြောင်း သိရသည်။

ဟားခါး၌ ကိုဗစ်-၁၉ ရောဂါ Case-104756, Case-104757နှင့် Case-104758 တို့တွင် ရောဂါပိုးကင်းစင်သဖြင့် တိုင်းရင်းဆေးရုံမှ ဆင်းခွင့်ပြု

ချင်းပြည်နယ် ဟားခါးမြို့မှ COVID-19 ရောဂါပိုးတွေ့ရှိသူ Case-104756,Case-104757နှင့် Case-104758တို့ကို ဟားခါးမြို့ တိုင်းရင်းဆေးရုံကြီးသို့ ကြီးကြပ်ကန့်သတ်၍ ဆေးကုသမှု ခံယူနေရာမှ ဓာတ်ခွဲစစ်ဆေးမှုတွင် (၂)ကြိမ်ဆက်တိုက် ရောဂါပိုးမတွေ့ရှိရတော့သဖြင့် ယမန်နေ့တွင် ဆေးရုံမှ ဆင်းခွင့်ပြုပြီ ဖြစ်ကြောင်း သိရသည်။

ရိရေကန်နှင့် ဘွာန်နဲလ်(ခ)လင်နူးပါတောင်သို့ လာရောက်လည်ပတ်ကြသော ခရီးသွားပြည်သူများ အတွက် ချင်းပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီမှ Mask နှင့် လက်ဆေးရည်များ ပေးအပ်လှူဒါန်း

ချင်းပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ၏ စီစဉ်မှုဖြင့် ရိခေါ်ဒါရ်မြို့ဒေသနှင့် အနီးတစ်ဝိုက်ရှိ အထင်ကရ နေရာဒေသများဖြစ်သည့် ရိရေကန်နှင့် ဘွာန်နဲလ်(ခ)လင်နူးပါ တောင်တို့၌ လာရောက်လည်ပတ်ကြသည့် ခရီးသွားပြည်သူများ အား ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်တားဆီးနိုင်ရေး ရည်ရွယ်ချက်ဖြင့် Mask နှင့် လက်ဆေးရည်များ ပေးအပ်လှူဒါန်း ခြင်းကို ဒီဇင်ဘာ ၁၈ ရက်က ဆောင်ရွက်ခဲ့ကြောင်း သိရ သည်။

ခိုင်ကမ်းမြို့ရှိ မသန်စွမ်း ၅၀ ဦးအတွက် အာဟာရဆန်များ ထောက်ပံ့လှူဒါန်း

တီးတိန်မြို့နယ်၊ ခိုင်ကမ်းမြို့တွင် ဌာနေအမျိုးသမီးများ ကွန်ယက်ဦးဆောင်မှုဖြင့် ၂၀၂၀ ပြည့်နှစ် ယမန်နေ့ နံနက် ၁၀ နာရီအချိန် က မြို့အတွင်း ရပ်ကွက်လေးခုမှ မသန်စွမ်း ၅ဝ ဦးအတွက် အာဟာရဆန်များ လက်ဝယ်အရောက် ထောက်ပံ့လှူဒါန်းပေး အပ်ခဲ့ကြသည်။

ဟားခါးမြို့တွင် အနိမ့်ဆုံးအပူချိန် အနုတ် ၄.၇ ဒီဂရီစင်တီဂရိတ်ရှိ၍ ရေခဲခြင်းအထိ အအေးပို

ချင်းပြည်နယ် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့ နံနက် ၆ နာရီခွဲ အချိန်တိုင်းတာချက်အရ ဟားခါးမြို့ပေါ်တွင် အနိမ့်ဆုံး အပူချိန် အနုတ် ၄.၇ ဒီဂရီစင်တီဂရိတ်ရှိ၍ ရေခဲခြင်းအထိ အအေးပိုကြောင်း ချင်းပြည်နယ် မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။

ဟားခါးမြို့တွင် ဆိုင်ထိုင်စနစ်ဖြင့် ပြန်လည်ရောင်းချခွင့်ပြုသည့် စားသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များအား သတ်မှတ်စည်းကမ်းများ လိုက်နာမှုပါက ငွေကျပ်(၅)သိန်းအပြင် မြို့နယ်သဘာဝဘေးအန္တရယ်စီမံခန့်ခွဲမှု ဥပဒေဖြင့် အရေးယူဆောင်ရွက်မည်

ချင်းပြည်နယ် ကိုဗစ်-၁၉ ကာကွယ်၊ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကာလအတွင်းမှာ ပါဆယ်ဖြင့်သာရောင်းချခွင့်ပြုပြီး ဆိုင်ထိုင်ရောင်းချခြင်းကို ခေတ္တယာယီပိတ်ထားခဲ့ရာမှ ယခုအခါ ဆိုင်ထိုင်စနစ်ဖြင့် ပြန်လည်ရောင်းချခွင့်ပြုနိုင်ရေး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန် ထားသောညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ထားခြင်းရှိ၊မရှိ မြိုနယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနှင့်တုံ့ပြန်ဆောင်ရွက်ရေးလုပ်ငန်းကော်မတီနှင့် တာဝန်ရှိသူ များက ကွင်းဆင်းစစ်ဆေးခဲ့ပြီး ဒီဇင်ဘာလ ၁၈ရက်နေ့မှစ၍ စားသောက်ဆိုင်(၅၄)ဆိုင်အား ဆိုင်ထိုင်စနစ်ဖြင့် ပြန်လည်ရောင်းချ ခွင့်ပြုကြောင်း၊ ဟားခါးမြို့တွင် ဆိုင်ထိုင်စနစ်ဖြင့် ပြန်လည်ရောင်းချခွင့်ပြုသည့် စားသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသောညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက် ထားခြင်းမရှိသည့် ဆိုင်များအား ငွေကျပ်(၅)သိန်းအပြင် မြို့နယ်သဘာဝ ဘေးအန္တရယ် ်စီမံခန့်ခွဲမှု ဥပဒေဖြင့် အရေးယူဆောင်ရွက် မည်ဖြစ်ကြောင်း ဟားခါးမြိုနယ် ကိုဗစ်-၁၉ ​​ ရောဂါ ကာကွယ်ရေးနှင့်တုံ့ပြန်ဆောင်ရွက်ရေးလုပ်ငန်း ကော်မတီထံမှ သိရှိရသည်။

ဟားခါးမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် Mask မဖြစ်မနေတပ်ဆင်ရေးစီမံချက် (Mask Campaign) အရှိန်အဟုန်မြင့် ဆက်လက်ဆောင်ရွက်

ဟားခါးမြို့တွင် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ရေးအတွက် Mask မဖြစ်မနေ တပ်ဆင်ရေး စီမံချက် (Mask Campaign) ကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်နှင့်အညီ ယနေ့ နံနက် ၉ နာရီအချိန်က ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ခြင်းဆိုင်ရာ ကျန်းမာရေး အသိပညာ မြှင့်တင်ရေးနှင့် နှာခေါင်းစည်း မဖြစ်မနေ တပ်ဆင်ရေး လှုပ်ရှားမှုအဖြစ် အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
Subscribe to ချင်းပြည်နယ်