သံတောင်ကြီးမြို့နယ် Community Centre ခန်းမတွင် Book Club/Youth Club များ စာဖတ်ဝိုင်းပြုလုပ်
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် စာဖတ်ခြင်းအကျိုးကျေးဇူးသိရှိစေရန် ရည်ရွယ်၍ Book Club/Youth Club အဖွဲ့ဝင်များက စာရေးဆရာမောင်သစ်ဆင်း၏ ကြောက်စိတ်နဲ့ကလေးတို့ မနက်ဖန် စာအုပ်အား ယမန်နေ့နေ့လယ်(၁)နာရီအချိန်က Community Centre ခန်းမ၌ စာဖတ်ဝိုင်းဆွေးနွေးပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။