ကရင်ပြည်နယ်

 ဘားအံမြို့၌ စာဆိုတော်နေ့ အထိမ်းအမှတ်စာပေဟောပွဲနှင့် ဇာတ်တော်ကြီး သရုပ်ဖော်တင်ဆက်ပွဲ အခမ်းအနား ကျင်းပ

ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော မြန်မာသက္ကရာဇ် ၁၃၆၈ ခုနှစ်၊ စာဆိုတော်နေ့ အထိမ်းအမှတ်စာပေဟောပြောပွဲနှင့် ဇာတ်တော်ကြီး သရုပ်ဖော်တင်ဆက်ပွဲ အခမ်း အနားကို ယနေ့နံနက်ပိုင်း ၉ နာရီ၌ ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။

လှိုင်းဘွဲမြို့နယ် ကစိုကျေးရွာအုပ်စု၌ ထယော်ကော်စာကြည့်တိုက်သစ်ဖွင့်လှစ်

ကရင်ပြည်နယ်အတွင်း ယခုနှစ်တွင် စာကြည့်တိုက်သစ် (၇)တိုက် တည်ဆောက်ဖွင့်လှစ်သွားမည်ဖြစ်ပြီး ဘားအံခရိုင်တွင် (၅)တိုက်ဖွင့်လှစ်ရန် လျာထားဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက စတုတ္ထမြောက် စာကြည့်တိုက်သစ်ဖွင့်ပွဲအနေဖြင့် လှိုင်းဘွဲမြို့နယ်၊ ကစိုကျေးရွာအုပ်အုပ်စု ထယော်ကော်စာကြည့်တိုက်သစ်ဖွင့်ပွဲကို အဆိုပါ စာကြည့်တိုက်သစ်တည်နေရာ၌ ကျင်းပသည်။

ကမမောင်းမြို့၌ ရှမ်းအမျိုးသားနှစ်သစ်ကူးပွဲတော်အား စည်ကားသိုက်မြိုက်စွာ ကျင်းပ

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် ရှမ်းအမျိုးသားနှစ်သစ်ကူးပွဲတော်အား ယမန်နေ့ညက ကမမောင်းမြို့၊ အုန်းတောဘုန်းတော်ကြီးကျောင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။

သံတောင်ကြီးမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် နယ်လှည့်စာကြည့်တိုက် ကွင်းဆောင်ရွက်

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သံတောင်ကြီးမြို့ အခြေခံပညာအထက်တန်းကျောင်းတို့ပူးပေါင်း၍ ယနေ့နံနက် (၉) နာရီအချိန်က အ‌ခြေခံပညာအထက်တန်းကျောင်းတွင် နယ်လှည့်စာကြည့်တိုက်ကွင်းဆင်းပြီး စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီရုံး၏ မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းကွင်းဆင်းအဖွဲ့ခေါင်းဆောင် Ms.Cherine Pollini နှင့်အဖွဲ့အားတွေ့ဆုံ

ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (International Committee of the Red Cross-ICRC)ရုံး၏ မြန်မာနိုင်ငံ အရှေ့တောင်ပိုင်း ကွင်းဆင်းအဖွဲ့ခေါင်းဆောင် Ms.Cherine Pollini နှင့်အဖွဲ့အား ပြည်နယ်အစိုးရအဖွဲ့ရုံးဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

သံတောင်ကြီးဒေသထွက် သဘာဝကော်ဖီမှုန့်များ ဈေးကောင်းရရှိ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်သည် တောင်ကုန်းတောင်တန်းများ ထူထပ်ပေါ့များပြီး ဒေသခံပြည်သူများမှာ  တောင်ယာလုပ်ငန်းများဖြစ်သော နှစ်ရှည်/ နှစ်တိုပင်သီးသီးနှံများကို အဓိကစိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ သဘာဝကော်ဖီစိုက်ပျိုးခြင်းလုပ်ငန်းသည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။ သံတောင်ကြီးဒေသထွက် သဘာဝကော်ဖီမှုန့်များ ဈေးကောင်းရရှိပြီး  ပြည်တွင်းတွင်သာမက ပြည်ပသို့  တင်ပို့ရောင်းချလျက်ရှိသည်။

လိပ်သိုဒေသတွင် သဘာဝအလျောက် ပေါက်ရောက်လျက်ရှိသော ဝဥများအား တူးဖော်ရောင်းချခြင်းဖြင့် ဒေသခံများ အပိုဝင်ငွေရရှိ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသတွင် ဥယျာဉ်ခြံမြေများ၊ တောတောင်များ၌ သဘာဝအလျောက် ရှင်သန်ပေါက်ရောက်လျက်ရှိသော ဝဥပင်များမှ ဝဥများအား ရှာဖွေတူးဖော်ရောင်းချခြင်းဖြင့် ဒေသခံများ အပိုဝင်ငွေရရှိလျက်ရှိကြောင်း သိရသည်။

လိပ်သိုဒေသတွင် သဘာဝအလျောက် ပေါက်ရောက်လျက်ရှိသော ဝဥများအား တူးဖော် ရောင်းချခြင်းဖြင့် ဒေသခံများ အပိုဝင်ငွေရရှိ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသတွင် ဥယျာဉ်ခြံမြေများ၊ တောတောင်များ၌ သဘာဝအလျောက် ရှင်သန်ပေါက်ရောက်လျက်ရှိသော ဝဥပင်များမှ ဝဥများအား ရှာဖွေတူးဖော် ရောင်းချခြင်းဖြင့် ဒေသခံများ အပိုဝင်ငွေရရှိလျက်ရှိကြောင်း သိရသည်။

ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီရုံး၏ မြန်မာနိုင်ငံအရှေ့တောင်ပိုင်းကွင်းဆင်းအဖွဲ့ခေါင်းဆောင် Ms.Cherine Pollini နှင့်အဖွဲ့အားတွေ့ဆုံ

ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (International Committee of the Red Cross-ICRC)ရုံး၏ မြန်မာနိုင်ငံအရှေ့တောင်ပိုင်း ကွင်းဆင်းအဖွဲ့ခေါင်းဆောင် Ms.Cherine Pollini နှင့်အဖွဲ့အား ပြည်နယ်အစိုးရအဖွဲ့ရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

လိပ်သိုဒေသတွင် ကွမ်းကြမ်းများ အရောင်းအဝယ် ဖြစ်သောကြောင့် ကွမ်းစိုက်တောင်သူများ အဆင်ပြေ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသတွင် ဒေသထွက်ကုန်ဖြစ်သော တောင်ပေါ်ကွမ်းကြမ်းများ အရောင်းအဝယ်ဖြစ်လျက်ရှိသောကြောင့် ကွမ်းစိုက်ပျိုးသူဒေသခံတောင်သူများက လိပ်သို-သံတောင်ကြီး-တောင်ငူ-ကျောင်းကုန်း ကျေးရွာ လမ်းဆုံတွင် ကွမ်းကြမ်းများ ရောင်းဝယ်လျက်ရှိကြကြောင်း သိရသည်။
Subscribe to ကရင်ပြည်နယ်