ကန့်ဘလူ၌ ဝန်ထမ်းများ စွမ်းဆောင်ရည်မြင့်မားရေး သင်တန်းဖွင့်လှစ်
ကန့်ဘလူ ဇန်နဝါရီ ၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်နှင့် ကျွန်းလှမြို့နယ် လယ်ယာမြေ စီမံခန့်ခွဲရေး နှင့် စာရင်းအင်းဦးစီးဌာနတို့တွင် အခြေခံမြေတိုင်းသင်တန်း မတက်ရောက်ရသေးသော မြေတိုင်း-၅ များနှင့် လက်ရှိခန့်ထားသည့် စာရင်းကိုင်-၄၊ အငယ်တန်းလက်ထောက် (ကွန်ပျူတာ) စာရေးများအား မြေစာရင်းဘာသာရပ်၊ မြေတိုင်းတာခြင်းနှင့် ရုံးလုပ်ငန်းဆိုင်ရာလုပ်ငန်းများ ကြိုတင်လေ့လာသိရှိနိုင်ရန် သင်တန်းဖွင့်လှစ်ပို့ချခြင်းကို ယမန်နေ့က ကန့်ဘလူမြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနရုံးတွင် ကျင်းပခဲ့ကြောင်း သိရသည်။