အင်းစိန်အမေ့အိမ် အခမဲ့ပညာဒါနကျောင်း၌ ကွန်ပျူတာအခြေခံသင်တန်း အမှတ်စဉ်(၁၁)ကို မတ်လ ဒုတိယ အပတ်တွင် ဖွင့်လှစ်မည်

ရန်ကုန်မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၊ အမေ့အိမ်အခမဲ့ ပညာဒါနကျောင်း၌ ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ အသက်မွေးမှုပညာတစ်ခု ရရှိစေရန်နှင့် ကွန်ပျူတာအခြေခံပညာများကို တတ်မြောက်စေရန် ရည်ရွယ်၍ အမေ့အိမ်အခမဲ့ပညာဒါနကျောင်းတွင် ကွန်ပျူတာအခြေခံ သင်တန်း အမှတ်စဉ် (၁၁) ကို မတ်လ ဒုတိယအပတ်တွင် အင်းစိန်အမေ့အိမ်အသက်မွေးမှုပညာဒါန သင်တန်းကျောင်း၌ ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။

၂၀၁၉ - ၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ကာလအတွင်း ကျောင်းသား/ ကျောင်းသူများ အဆင်ပြေ လုံခြုံ ချောမွေ့စွာ ဖြေဆိုနိုင်ရေးနှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ၂၀၁၉ - ၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲ ကာလအတွင်း ကျောင်းသား/ ကျောင်းသူများ အဆင်ပြေ လုံခြုံချောမွေ့စွာ ဖြေဆိုနိုင်ရေးနှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ၊ အစည်းအဝေး ခန်းမ၌ကျင်းပပြုလုပ်ခဲ့သည်။

ရွှေဘိုမြို့တွင် ဆန်စပါးမျိုးသန့်မျိုးစေ့ ရရှိသုံးစွဲနိုင်မှု မြှင့်တင်ရေးစီမံကိန်းဒုတိယနှစ် ပဉ္စမအကြိမ်မြောက် သင်တန်း ဖွင့်လှစ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့တွင် ဂျပန်အပြည်ပြည်ဆိုင်ရာ နည်းပညာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA)နှင့် စိုက်ပျိုးရေး ဦးစီးဌာန(DOA)တို့‌ ပူးပေါင်းဆောင်ရွက်သော ဆန်စပါးမျိုးသန့်မျိုးစေ့ ရရှိ သုံးစွဲနိုင်မှု မြှင့်တင်ရေးစီမံကိန်း ဒုတိယနှစ် ပဉ္စမအကြိမ်မြောက် သင်တန်းကို ယနေ့နံနက် ၈ နာရီက ရွှေဘို ခရိုင်စိုက်ပျိုးရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည်။

လေးမျက်နှာမြို့၌ စွမ်းအားမြှင့် မီးဖိုများကို ကျေးလက်နေပြည်သူများ လက်ဝယ်အရောက် (အခမဲ့)ဖြန့်ဝေ

ဧရာဝတီတိုင်းသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် ရှမ်းရွာကျေးရွာတွင် စိုက်ပျိုးရေး ဦးစီးဌာနနှင့် ကိုရီယားရာသီဥတု ပြောင်းလဲမှုဗဟိုဌာနတို့ ပူးပေါင်း ဆောင်ရွက်သော စွမ်းအားမြှင့် မီးဖိုများ ဖြန့်ဖြူးခြင်း စီမံကိန်း အကောင်အထည်ဖော်မည့်သူများအတွက် မီးဖိုပေးအပ်ပွဲကို ယမန်နေ့ နေ့လယ် ၃ နာရီ အချိန်က ပြုလုပ်ခဲ့သည်။

မကွေးခရိုင် လူထုအခြေပြုဗဟိုဌာန၌ အာဆီယံ - ကိုရီးယား စာအတူ ဖတ်စို့လား အစီအစဉ် အတွက် အသံထွက်၍စာဖတ်ပြခြင်း သင်တန်းဖွင့်လှစ်

အာဆီယံ-ကိုရီးယား၏ အတူစာဖတ်ကြစို့ ပူတွဲစီမံကိန်းအရ စာဖတ်ပြပါ၊ အာဆီယံ - ကိုရီးယား စာအတူဖတ်စို့လား အစီအစဉ်အတွက် အသံထွက်၍ စာဖတ်ပြခြင်း သင်တန်းကို ဖေဖော်ဝါရီလ ၂၄ ရက်နေ့က မကွေးခရိုင် ပြန်/ဆက် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ သင်တန်းစတင် ဖွင့်လှစ်ပို့ချလျက်ရှိရာ ယမန်နေ့ သင်တန်းဒုတိယနေ့တွင် သင်တန်းသားသင်တန်းသူ အချင်းချင်း အသံထွက်၍ စာဖတ်ပြခြင်းကို ပူးပေါင်းလေ့ကျင့် ဆောင်ရွက်ခဲ့ပြီး သင်တန်း တတိယနေ့တွင် မကွေးမြို့ပေါ် အခြေခံပညာ ကျောင်းများမှ ကျောင်းသားကျောင်းသူများအား အသံထွက်၍ စာဖတ်ပြခြင်းများကို လက်တွေ့ဆောင်ရွက် ပေးကြမည်ဖြစ်ကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ်၌ ကျေးလက်နေပြည်သူများ ဝင်ငွေတိုးပွားရေး မြစိမ်းရောင်စီမံကိန်းရန်ပုံငွေ ကွင်းဆင်းထုတ်ချေး

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ မိသားစု ဝင်ငွေ တိုးပွားစေရန်နှင့် လူမှုစီးပွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် ရည်ရွယ်၍ တတိယနှစ်စက်ဝန်း မြစိမ်းရောင် ကျေးရွာ စီမံကိန်း ရန်ပုံငွေထုတ်ချေးပေးခြင်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ဒုတိယဦးစီးမှူး ဒေါ်မြင့်မြင့်မော်နှင့် ဝန်ထမ်းများအဖွဲ့က ပွင့်ဖြူမြို့နယ် ကျွဲတိကျေးရွာအုပ်စု၊ ကူကြီးကျေးရွာနှင့် ကြီးကုန်းကျေးရွာများသို့ သွားရောက်ပြီး မြစိမ်းရောင်စီမံကိန်း ရန်ပုံငွေများ ကွင်းဆင်းထုတ်ချေး ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မန္တလေးမြို့တွင် ဈေးကွက်စနစ်များ ဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေလျှောက်ထားနိုင်ကြောင်း မိတ်ဆက်ခြင်း အခမ်းအနားကျင်းပ

အမေရိကန်နိုင်ငံတကာစီးပွားရေးအေဂျင်စီ (USAID) စိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာ ကုန်ထုတ်စနစ်များ ဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေလျှောက်ထားနိုင်မှု အကြောင်း မိတ်ဆက်ခြင်းအခမ်းအနားကို မန္တလေးမြို့ရှိ Hilton Hotel တွင် ယမန်နေ့ မွန်းလွဲ ၁ နာရီက ကျင်းပပြုလုပ်သည်။

တောင်တွင်းကြီးမြို့တွင် ဓမ္မကျောင်းတော် နည်းပြဆရာဖြစ် သင်တန်းဆင်းပွဲ ကျင်းပ

မြန်မာနိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာပြန့်ပွားရေးဗဟိုအဖွဲ့ (၁) နေပြည်တော် ယဉ်ကျေးလိမ္မာစင်တာမှ ကြီးမှူး၍ မကွေးတိုင်းဒေသကြီး ဓမ္မကျောင်းတော်မှ ဖွင့်လှစ်သော (တိုင်းအဆင့်) နည်းပြဆရာဖြစ် သင်တန်းဆင်းပွဲကို တောင်တွင်းကြီးမြို့နယ် သဲကောသာသနာသီရိ ကျောင်းတိုက်တွင် ယမန်နေ့ နေ့လယ် (၁)နာရီက ကျင်းပသည်။

ရေနံချောင်း ဒီဂရီကောလိပ်မှ နွေဦးကဗျာလမ်းသို့ လာရောက်လည်ပတ်ကြည့်ရှုသူများဖြင့် စည်ကားလျက်ရှိ

မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းဒီဂရီကောလိပ်၌ YNDC Envoirnmental Club မှ ဦးဆောင်ပြုလုပ်သည့် "နွေဦးကဗျာလမ်း" တွင် ထင်ရှားသော ကဗျာဆရာများ၏ ကဗျာများနှင့် ရေနံချောင်းဒီဂရီကောလိပ်မှ ကဗျာဝါသနာရှင် ကျောင်းသားကျောင်းသူများ၏ ကဗျာများကို လမ်းတစ်လျှောက်ရှိ သစ်ပင်များတွင် ချိတ်ဆွဲထားခြင်း ၊ ရောင်စုံထီးလှလှလေးများဖြင့် အလှဆင်ခြင်းများ ဆောင်ရွက်ထားကြောင်း တွေ့ရှိရသည်။

ရေကြည်မြို့နယ် လူထုအခြေပြု ဗဟိုဌာန ခန်းမ၌ စာဖတ်ဝိုင်းပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ရေကြည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာနရုံးခန်းမ၌ ယမန်နေ့ နေ့လယ် (၁) နာရီအချိန်က Book Club အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်း ပြုလုပ်ခဲ့သည်။
Subscribe to