အောင်လံမြို့၌ လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများ ကျင်းပလျက်ရှိ
မကွေးတိုင်းဒေသကြီး သရက်ခရိုင် အောင်လံမြို့၌ (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများကိုကျင်းပလျက်ရှိရာ အလွတ်တန်းဘော်လီဘောပြိုင်ပွဲနှင့် ပိုက်ကျော်ခြင်းပြိုင်ပွဲ များကို ဇန်နဝါရီလ(၁)ရက်နေ့ ညနေ(၃)နာရီမှစတင်၍ ယှဉ်ပြိုင်ကစားလျက်ရှိကြပြီး ဇန်နဝါရီလ(၄)ရက်နေ့အထိ ဆက်လက်ယှဉ်ပြိုင်ကစားသွားမည် ဖြစ်ကြောင်းသိရသည်။