ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေခြင်းနှင့် အသိပညာပေးလုပ်ငန်းများဆောင်ရွက်

ကျိုင်းတုံ        စက်တင်ဘာ

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့၊ လူစည်ကားသည့်နေရာဖြစ်သော မြို့လည်ကျောက်တိုင်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ် ရေးအတွက် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေခြင်းနှင့် အသိပညာပေးလုပ်ငန်းများကို ယမန်နေ့ နံနက် နာရီက ဌာနဆိုင်ရာများ ပူးပေါင်း ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမိုးဆန်းထွန်း၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနဝန်ထမ်းများနှင့် ကျန်းမာရေး ဝန်ထမ်းများ ပူးပေါင်း၍ နှာခေါင်းစည်း တပ်ဆင်လာခြင်း မရှိသူများအား နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေပေးခြင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေးအတွက် အသိပေး နည်းလမ်းများအား Hand Speaker များဖြင့် နှိုးဆော်ခြင်းနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တာဆီးနိုင်ရေးအတွက် အလေးထားလိုက်နာဆောင်ရွက်ရမည့် အချက်များ သိရှိနိုင်ရန် အသံချဲ့စက်ဖြင့် ဖွင့်လှစ်ကာ အသိပေးနှိုးဆော် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ရဲထက်ဦး (ပြန်/ဆက်)