ပြင်ဦးလွင်ခရိုင် လူထုအခြေပြုဗဟိုဌာနခန်းမတွင် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး  “ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအကြောင်းအသိပညာပေး (Talk Show) ကျင်းပ

ပြင်ဦးလွင်  ဇူလိုင် ၂၂

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအသိပညာပေး (Talk Show) ကို ယနေ့မွန်းတည့် ၁၂ နာရီက ကျင်းပခဲ့သည်။

အဆိုပါ အသိပညာပေး Talk Show အစီအစဉ်တွင် ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ငုချိုချိုကျော်က  အသိပညာပေး Talk Show များ စီစဉ်ကျင်းပရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအကြောင်းနှင့်ပတ်သက်၍  ပတ်ဝန်းကျင်ထိန်း သိမ်းရေးဦးစီးဌာန၊ ပြင်ဦးလွင်ခရိုင်မှဒုတိယဦးစီးမှူး ဒေါ်ဆုဆုမြတ်က  ဖြစ်နိုင်ချေရှိသော သဘာဝဘေးအန္တရာယ်များအကြောင်းနှင့် ကြိုတင်ကာကွယ်ခြင်းဆိုင်ရာ နည်းလမ်းများ အကြောင်း၊ မိုးရာသီဘေးအန္တရာယ် စီမံခန့်ခွဲမှုအကြောင်း၊ ဘေးအန္တရာယ်စီမံခန့်ခွဲမှုနှင့် ပတ်သက်၍ လိုက်နာရမည့် ဥပဒေများနှင့် ဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ အသိပညာပေး အကြံပြုချက်များကို  ပြည်သူများကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် အသိပညာပေး ဆွေးနွေးခဲ့ သည်။

ပြင်ဦးလွင်ခရိုင် လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် ပြည်သူများအသိပညာဗဟုသုတ တိုးပွါးရရှိစေရန်ရည်ရွယ်၍ အကြောင်းအရာအလိုက်  Talk Show အစီအစဉ်များ၊ ဟောပြောပွဲများ၊ စာပေဆွေးနွေးပွဲများ၊ စာအုပ်စာစောင်ပြပွဲများကို စဉ်ဆက်မပြတ် ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

ဖြူလူသစ်