လှည်းကူး စက်တင်ဘာ ၁၀
ကိုဗစ်−၁၉ ကူးစက်မှုနှုန်းမြင့်မားနေချိန်အတွင်း ရန်ကုန်မြောက်ပိုင်းခရိုင် လှည်းကူးမြို့နယ် အတွင်းရှိ ပြည်သူများအား Covid-19 ရောဂါကူးစက်ပြန့်နှံမှုများမရှိစေရေးအတွက် ကျန်းမာရေး စစ်ဆေးဆောင်ရွက်ခြင်းနှင့် ကိုယ်အပူချိန်တိုင်းတာခြင်းကို ယမန်နေ့ နံနက်ပိုင်းမှစတင်ကာ မြို့ပေါ်ရပ်ကွက်(၅) ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၅၂)အုပ်စုတို့တွင် တာဝန်ရှိသူများက အိမ်တိုင် ရာရောက် ကွင်းဆင်း စစ်ဆေးဆောင်ရွက်လျက် ရှိကြောင်းသိရသည်။
ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ် Covid-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ် ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့်အဖွဲ့ဝင်များ၊ လူမှုရေး အသင်းအဖွဲ့ များ ပူးပေါင်း၍ မြို့ပေါ်ရပ်ကွက်(၅)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၅၂)အုပ်စုတို့တွင် အဖွဲ့များ ခွဲ၍ ရပ်ကွက်နေပြည်သူများအား ကိုယ်အပူချိန်တိုင်းတာခြင်း၊ ဖ်ားနာ ခြင်းရှိ/မရှိ စစ်ဆေးခြင်းများကို ဆောင်ရွက်ခဲ့ရာ ဖျားနာလူနာမတွေ့ရှိခဲ့ကြောင်း၊ ပြည်သူများအနေဖြင့် နေအိမ် ပြင်ပ ထွက်ခွာ သွားလာရာတွင် နှာခေါင်းစည်းများ မဖြစ်မနေတပ်ဆင်သွားလာကြရန် အသိပညာပေး ဆောင် ရွက်ခဲ့ကြကြောင်းသိရသည်။
အလားတူ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ လမ်းညွှန်ချက်ဖြင့် ဌာနဆိုင်ရာ တာဝန် ရှိသူများ၊ ကျန်းမာရေးဝန်ထမ်းတို့က ရန်ကုန်-နေပြည်တော်အမြန်လမ်းကြီး(ဝ)မိုင်နေရာနှင့် ရန်ကုန်- ပဲခူးလမ်းရှိ မင်းလွင်ကုန်းဂိတ်နေရာတို့တွင် Covid-19 ကြောင့် ဖြစ်ပွားသော အဆုတ်ရောင် ရောဂါ ကာကွယ် ထိန်းချုပ်ခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်းနှင့် ရောဂါလကဏာ ပေါ်ပေါက်လာပါက အချိန်မီကုသနိုင်ရေး၊ ရောဂါဆက်လက် ပြန့်ပွားမှုမရှိစေရေးတို့အတွက် ရန်ကုန်တိုင်း ဒေသကြီးအတွင်းသို့ ဝင်ရောက်လာသော မော်တော်ယာဉ်များမှ ခရီးသွား ပြည်သူများ ကိုလည်း Thermal Scanner ဖြင့် ကိုယ်အပူချိန်တိုင်းတာခြင်းတို့ကို စနစ္တက် ဆောင်ရွက် ပေးလျက်ရှိပြီး ရောဂါလကဏာပေါ်ပေါက်လာပါက အချိန်မီ ကုသမှု ခံယူနိုင်ရေး အတွက် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
နိုင်လင်း(လှည်းကူး)