အခြေခံပညာကျောင်းများတွင် အသိပညာပေးအစီအစဉ်များဆောင်ရွက်

ဝမ်းတွင်း ဇူလှိုင် ၂၂

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြိုနယ်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ အခြေခံပညာကျောင်းများ၌ အသိပညာပေးအစီအစဉ်များ ဆောင်ရွက်ခြင်းကို ယနေ့နံနက်(၉)နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း(ဝမ်းတွင်း)တွင် ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ အခြေခံပညာအထက်တန်းကျောင်း(ဝမ်းတွင်း) ကျောင်အုပ်ဆရာမကြီး ဒေါ်ခင်စန်းတင့်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး လူမှုဝန်ထမ်းဦးစီးဌာန၊ ဦးစီးအရာရှိ ဦးကျော်သူမှ “ကလေးသူငယ်အခွင့်အရေး ကိုယ်တိုင်သိရှိနားလည်ရေး”၊ “မူးယစ်အန္တရာယ် လူ့ရန်စွယ်” “လူကုန်ကူးခြင်းကင်းဝေးဖို့ အားလုံးဝိုင်းဝန်းပူးပေါင်းစို့”၊ “မိုင်းအန္တရာယ် အသိပညာပေး” စသည့် အသိပညာပေးခေါင်းစဉ်များဖြင့် ဆွေးနွေးဟောပြောခဲ့သည်။ ထို့နောက် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဒေါ်အိအိမွန်မှ “ကြိုတင်ကာကွယ်သဘာဝဘေးအန္တရာယ်” ခေါင်းစဉ်ဖြင့် လေပြင်းဘေး၊ ငလျင်ဘေး၊ မုန်းတိုင်းဘေးဆိုင်ရာ သိကောင်းစရာများကို ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာကြာသော ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေးဟောပြောဆွေးနွေးပွဲသို့ လူမှုဝန်ထမ်းဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာနတို့ရှိ တာဝန်ခံအရာရှိများနှင့် ဝန်ထမ်းများ၊ အခြေခံပညာအထက်တန်းကျောင်း(ဝမ်းတွင်း)မှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ ကျောင်းသား၊ ကျောင်းသူ(၁၂၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

ဌေးလှိုင်(ဝမ်းတွင်း)