ကျောက်တလုံးကြီးမြို့တွင် နိုင်ငံသားစိစစ်ရေးကတ်ပြားများရရှိရေး ကွင်းဆင်းဆောင်ရွက်

ကျောက်တလုံးကြီး     စက်တင်ဘာ   ၁၀

ရှမ်းပြည်နယ်တောင်ပိုင်း(တောင်ကြီးခရိုင်) ကျောက်တလုံးကြီးမြို့တွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်း ဆန္ဒမဲပေးနိုင်ရေးအတွက် ကျောက်တလုံးကြီးမြို့ရှိ ကျေးရွာအုပ်စုများနှင့် မြို့ပေါ် ရပ်ကွက် များတွင် ဩဂုတ် ရက်မှ စတင်၍ စက်တင်ဘာ ၁၀ ရက်နေ့အထိ ကွင်းဆင်းဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ၈ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ ရွှေးကောက်ပွဲတွင် အသက်၁၈နှစ်ပြည့်သူတိုင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားမရှိသူများ  မဲပေးပိုင်ခွင့်မဆုံးရှုံးစေရေးအတွက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ ကျောက်တလုံးကြီးမြို့ရှေ့တန်းရုံးမှ လက်ထောက်ဦးစီးမှူး၊ သက်ဆိုင်ရာကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် ဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ပေးကြောင်း၊ ကျောက်တလုံးကြီးမြို့တွင် မြို့ပေါ်()ရပ်ကွက်နှင့် ကျေးရွာအုပ်စု()စု ရှိပြီး အသက် ၁၈ နှစ်ပြည့်သူနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားမရှိသူ (၅၂၁)ဦး တို့ကို နိုင်ငံသားစိစစ်ရေး ကတ်ပြားများရရှိရေး ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်းကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဆိုင်ရာ ကျောက်တလုံးကြီးမြို့ရုံးမှ သိရသည်။    

မြဝင်း (ပြန်/ဆက်)