ကျောက်ဆည်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် ကဗျာရွတ်ပြိုင်ပွဲ ပြုလုပ်

ကျောက်ဆည်   မတ်  ၁၁

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာပေးဟောပြောပွဲများ၊ ဆွေးနွေးပွဲ စကားဝိုင်းများ၊ ပြပွဲပြိုင်ပွဲများ စသည့် ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို နိုင်ငံနှင့် အဝှမ်း နေရာအနှံ့အပြားတွင် ဆောက်ရွက်လျက်ရှိရာ ကျောက်ဆည်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက် (၉) နာရီ က မူကြို ကျောင်းသား/ ကျောင်းသူ လေးများ ဆေးရောင် ခြယ်ပြိုင် ပွဲနှင့် ပုံပြောပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲတွင် (တုံတုံ) မူကြိုကျောင်းမှ ကျောင်းသား/ကျောင်းသူ (၃၀)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြရာ ပြိုင်ပွဲအပြီးတွင် ကလေးငယ်များ ပိုမိုပျော်ရွှင်စေရေးအတွက် ၎င်းတို့ ဆေးရောင် ခြယ်ထားသည့် ရောင်ချယ်စာရွက်များကို အမှတ်တရ လက်ဆောင်အဖြစ် ပေးခဲ့ကြောင်း သိရှိရသည်။

သက်မောင် (ကျောက်ဆည်)