လှည်းကူး ဇူလိုင် ၂၁
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်နိုင်စေရန်နှင့် ရောဂါကူးစက်ပြန့်ပွားမှုကို လျော့နည်းစေရန်ရည်ရွယ်၍ အသက်(၁၅)နှစ်မှ အသက်(၁၈)နှစ်နှင့်အထက် ဒေသနေပြည်သူများ၊ ကိုယ်ဝန်ဆောင်နှင့်နို့တိုက်မိခင်များတို့အား ကိုဗစ်-၁၉ ရောဂါကာကွယ် Booster ကာကွယ်ဆေးထပ်ဆောင်းထိုးနှံပေးခြင်းလုပ်ငန်းကို ယမန်နေ့နံနက်ပိုင်းက ရဲမွန်ကျေးရွာအုပ်စုတွင် တာဝန်ရှိသူများက ကွင်းဆင်းထိုးနှံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ကျန်းမာရေးဝန်ထမ်းများနှင့် ကျေးရွာအုပ်စုတာဝန်ရှိသူများတို့က ကာကွယ်ဆေးထိုးရန် လာရောက်သည့်ပြည်သူများအား စာရင်းရေးသွင်းပေးခြင်းနှင့် မှတ်တမ်းကောက်ယူခြင်းတို့ကို ပူးပေါင်းဆောင်ရွက်ပေးခဲ့သည်။
ထို့နောက်ကျန်းမာရေးဝန်ထမ်းများက အသက်(၁၅)နှစ်မှ(၁၈)နှစ်နှင့်အထက် ဒေသနေပြည်သူများ၊ ကိုယ်ဝန်ဆောင်နှင့်နို့တိုက်မိခင်များတို့အား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ပြီး ကာကွယ်ဆေးထိုးနှံခြင် လုပ်ငန်း ရာနှုန်းပြည့်ဆောင်ရွက်နိုင်ရေးအတွက် ကျေးရွာအုပ်စုများသို့ ကွင်းဆင်း၍ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အေးအေးနွဲ့ (ပြန်/ဆက်)