လှိုင်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်၊ ကမာရွတ်ဘဏ်ခွဲတွင် နိုင်ငံဝန်ထမ်းအငြိမ်းစားများ၏ ပင်စင်လစာများ လွယ်ကူအဆင်ပြေချောမွေ့စွာ ထုတ်ယူနိုင်ရေးအတွက် ဆောင်ရွက်  

လှိုင် ဇူလိုင် ၂၁

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ ရန်ကုန်-အင်းစိန်လမ်းမပေါ်ရှိ မြန်မာ့စီးပွားရေးဘဏ်၊ ကမာရွတ်ဘဏ်ခွဲတွင် နိုင်ငံဝန်ထမ်းအငြိမ်းစားများ၏ ဇူလိုင်လအတွက် ပင်စင်လစာများကို(၂၁.၇.၂၀၂၂)ရက်နေ့ နံနက်(၆:၀၀) နာရီမှ စတင်၍ ငွေထုတ်ပေးလျက်ရှိရာ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများမှ လွယ်ကူအဆင်ပြေချောမွေ့စွာ လာရောက်ထုတ်ယူလျက်ရှိကြောင်း သိရှိရ သည်။

 အဆိုပါပင်စင်လစာများ ထုတ်ပေးရာတွင် လွယ်ကူအဆင်ပြေချောမွေ့စွာ ထုတ်ယူနိုင်ရေးအတွက် ငွေထုတ်ကောင်တာ ( ၅ ) ခုဖွင့်လှစ်ဆောင်ရွက်ပေးလျက်ရှိပြီး မြန်မာ့စီးပွားရေးဘဏ်၊ ကမာရွတ်ဘဏ်ခွဲတွင် ပင်စင်လစာထုတ်ယူနေသော နိုင်ငံဝန်ထမ်းအငြိမ်းစားဦးရေ ( ၁၆၁၃၄ ) ဦးရှိ သည့်အနက် လစဉ် ( ၂၁ )ရက်နေ့တွင် ငွေထုတ်သူဦးရေ ( ၁၄၀၀ ) ဦးခန့်ရှိကြောင်းနှင့် ငွေထုတ်သူ ဦးရေများပြားသည့် ( ၂၁ ၊ ၂၂ ၊ ၂၃ ) ရက်နေ့များတွင် နေ့စဉ်နံနက်  ၆ နာရီမှစတင်ကာ ထုတ်ပေးလျက်ရှိကြောင်းနှင့် ကျန်ရက်များတွင် ဘဏ်လုပ်ငန်းချိန်အတွင်း ဘဏ်ဖွင့်ရက်များအတိုင်း ဆက်လက်ထုတ်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။

ကျော်ရဲအောင်