ရန်ကုန် စက်တင်ဘာ ၁၀
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက် ပြန့်ပွားမှု မဖြစ်စေရေးနှင့် ကြိုတင်ကာကွယ် ထိန်းချုပ် နိုင်ရန်အတွက် အမှတ်(၁၁) ရပ်ကွက် အတွင်းရှိ ပြည်သူများသို့ နှာခေါင်းစည်း(Mask)များ တပ်ဆင်ရန် အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း (Mask)များ ဖြန့်ဝေခြင်းကို ယနေ့ နံနက်ပိုင်းအချိန်က ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် အမှတ်(၁၁)ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသက်တင်ထွန်း ဦးဆောင်သော ရုံးအဖွဲ့ဝင်များ၊ Mask အလှူရှင်များနှင့် ပရဟိတအဖွဲ့များ ပူးပေါင်း၍ ရပ်ကွက်အတွင်းရှိ လမ်းသွားလမ်းလာ ပြည်သူများ၊ ဈေးအတွင်းရှိ ဈေးရောင်းဈေးဝယ်ပြည်သူများနှင့် ကားမှတ်တိုင် ရှိ ပြည်သူများအား မဖြစ်မနေ နေအိမ်ပြင်ပသို့ ထွက်ခွာရတိုင်း နှာခေါင်းစည်း (Mask)များ တပ်ဆင်ရန်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာမှ ထုတ်ပြန်ထားသော အမိန့် ညွှန်ကြားချက် များ လိုက်နာရန်အတွက် အသိပညာပေးခြင်း၊ ပြည်သူများအား ကိုဗစ်-၁၉ရောဂါကူးစက် ပြန့်ပွားမှု မဖြစ်စေရန်နှင့် ကြိုတင်ကာကွယ် ထိန်းချုပ် နိုင်ရေးအတွက် နှာခေါင်းစည်း (Mask)များ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ခင်ဆွေနှင်း(ပြန်/ဆက်)