မိုင်းတုံမြို့၊ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာနရှိ Community Centre ခန်းမ၌ အမျိူးသမီးများအ‌ပေါ် အကြမ်းဖက်ပပျောက်ဖို့ ယခုပင်ဆောင်ရွက်စို့ အသိပညာပေး Talk Show ဆောင်ရွက်

မိုင်းတုံ ဇူလိုင် ၂၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနနှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ အမျိူးသမီးများအ‌ပေါ်အကြမ်းဖက်ပပျောက်ဖို့ ယခုပင်ဆောင်ရွက်စို့အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းအချိန်က ကျင်းပခဲ့သည်။

ရှေ့ဦးစွာအမျိူးသမီးများအပေါ် အကြမ်းဖက်ပပျောက်ဖို့ ယခုပင်ဆောင်ရွက်စို့ အသိပညာပေးဆွေးနွေးပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းခိုင်က အသိပညာပေး Talk Show ဆွေးနွေးပွဲကျင်းပပေးခြင်းဖြင့် ပြည်သူများရရှိလာမည့် အကျိုးကျေးဇူများအကြောင်းကို ရှင်းလင်းပြောကြားပြီး  ၊မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ထွေးက အမျိူးသမီးများအ‌ပေါ် အကြမ်းဖက်ပပျောက်ဖို့ ယခုပင်ဆောင်ရွက်စို့လုပ်ငန်းနှင့်ပတ်သက်၍ အမျိုးသမီးများကြုံတွေ့နေရသည့်အကြောင်းများ၊ အခက်အခဲများဖြစ်ပေါ်လာကမည်သို့ လုပ်ဆောင်ရမည့်အချက်များနှင့် မိမိတို့ဌာနမှဆောင်ရွက်ပေးနေမှုများကို အသိပညာပေး ဆွေးနွေးခဲ့ကြသည်။

အဆိုပါ အမျိူးသမီးများအပေါ်အကြမ်းဖက်ပပျောက်ဖို့ ယခုပင်ဆောင်ရွက်စို့အသိပညာပေးနှင့်ပတ်သက်သည့်  Talk Show ဆွေးနွေးမှုများအား မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အများပြည်သူများ အသိပညာဗဟုသုတရရှိစေရန်အတွက် We Love Mong Tong , Facebook Page မှတဆင့် ထုတ်လွှင့်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

ဝင်းဝင်းခိုင်(မိုင်းတုံ၊ပြန်/ဆက်)