ဒဂုံအရှေ့ ဇူလိုင် ၂၁
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှ ကြီးကြပ်၍ လှော်ကားငါးလုပ်ငန်းစခန်းနှင့် လေးထောင့်ကန်ငါးလုပ်ငန်း စခန်းတို့မှ သဘာဝမြစ်ချောင်းကန်များအတွင်း ငါးသယံဇာတများ ရေရှည်တည်တံစေရန်ရည်ရွယ်၍ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ် မအူးချောင်းအတွင်း ထောင်တစ်လုပ် ကျေးရွာ(ဘုန်းကြီးတံတား)တွင် ယနေ့ နံနက် (၉) နာရီက ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကို ကျင်းပခဲ့သည်။
အဆိုပါ ငါးမျိုးစိုက်ထည့်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှ ဒုတိယတိုင်းဦးစီးမှူး ဦးတင့်လွင်က ငါးမျိူးစိုက်ထည့်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန ဒုတိယတိုင်းဦးစီးမှူး ဦးတင့်လွင်၊ မြို့နယ်စီမံအုပ်ချူပ်ရေး အဖွဲ့ဝင်(၁) ဗိုလ်မှူးသက်ဇော်နှင့် အဖွဲ့ဝင်များ မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့် တာဝန်ရှိသူများ ငါးလုပ်ငန်းဦးစီးဌာနမှ ဝန်ထမ်းများက မအူးချောင်းအတွင်းသို့ ရွှေဝါငါးကြင်း ငါးသားပေါက်(၂•၅)သိန်းနှင့် ငါးခုံးမကြီး ငါးသားပေါက် (၅) သိန်း စုစုပေါင်း ငါးကောင်ရေ (၇•၅) သိန်းအား စိုက်ထည့်ပေးခဲ့ကြောင်း သိရသည်။
ဝင်းအိမွန်(ပြန်/ဆက်