ပျဉ်းမနား ဇူလိုင် ၂၁
လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ၊ ကလေးသူငယ်အခွင့်အရေးများ၊ သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ ဆောင်ရန်ရှောင်ရန် များကို အများပြည်သူ ပိုမိုသိရှိနားလည်နိုင်စေရန် ရည်ရွယ်၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၏ Quick Win Project အစီအစဉ်ဖြင့် လူမှုဝန်ထမ်းဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် ပြန်လည်ထူထောင်ရေးဦးစီးဌာနတို့ ပူးပေါင်းကာ အသိပညာပေး ဟောပြောပွဲများကို ဆောင်ရွက်နေလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်း၌ အသိပညာပေးဟောပြောကြသည်။
ဟောပြောပွဲတွင် ဦးစီးဌာန(၃)ခုမှ တာဝန်ရှိသူများက “ကလေးသူငယ်အခွင့်အရေး ကိုယ်တိုင်သိရှိနားလည်ရေး”၊ “ကြိုတင်ကာကွယ် သဘာဝဘေးအန္တရာယ်"၊ "မူးယစ်အန္တရာယ်လူ့ရန်စွယ်”၊ "လူကုန်ကူးခြင်းကင်းဝေးဖို့အားလုံးဝိုင်းဝန်းပူးပေါင်းစို့"၊ "မိုင်းအန္တရာယ်အသိပညာပေးခြင်း" စသည့် ခေါင်းစဉ်များဖြင့် အသီးသီးဆွေးနွေးဟောပြောခဲ့ပြီး ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေး လက်ကမ်းစာစောင်များအား အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ဇော်မင်းလွင်(မြို့နယ်ပြန်/ဆက်)