ချမ်းအေးသာစံမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ စာစီစာကုံးပြိုင်ပွဲ ကျင်းပ

ချမ်းအေးသာစံ ဇူလိုင် ၂၁

စာဖတ်သည့် အလေ့အကျင့်များ ဖြစ်ပေါ်စေရန် ရည်ရွယ်၍ စာစီစာကုံးပြိုင်ပွဲကို ယနေ့နေ့လည် ၁နာရီ အချိန်က မန္တလေး၊ ချမ်းအေးသာစံမြို့နယ်ရုံး Community Centre ခန်းမတွင် ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ချမ်းအေးသာစံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးထွန်းထွန်းနိုင်က စာစီစာကုံးပြိုင်ပွဲ ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး ပြိုင်ပွဲကို ကျင်းပပြုလုပ်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူ ၃၀ ဦးကျော် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

ထို့နောက် ပြိုင်ပွဲတွင် ပထမဆု၊ ဒုတိယဆုနှင့် တတိယဆု ရရှိသော ကျောင်းသား၊ ကျောင်းသူများကို ဦးစီးအရာရှိနှင့် တာဝန်ရှိသူများက ဆုများချီးမြှင့်ခဲ့ပြီး ဆုရွေးခြယ်သည့် စည်းမျဉ်းစည်းကမ်းများနှင့် ပတ်သက်ပြီး စာကြည့်တိုက်လက်ထောက် - ၃ မမို့မို့အောင်က ရှင်းပြခဲ့ကြောင်း သိရသည်။

ထိပ်ထားနိုင်