ကျိုင်းတုံမြို့၌ လူမူဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက အသိပညာပေးဟောပြော

ကျိုင်းတုံ ဇူလိုင် ၂၁

လူမူဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အစီအစဉ်ဖြင့် အသိပညာ‌ပေးဟောပြောပွဲကို ကျိုင်းတုံမြို့ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့နံနက် ၉ နာရီက ဆောင်ရွက်ကြောင်း သိရသည်။

ရှေးဦးစွာ ကျိုင်းတုံခရိုင် လူမူဝန်ထမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်ခင်မြင့်က “ကလေးသူငယ်အခွင့်အရေး ကိုယ်တိုင်သိရှိနားလည်ရေး”  ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောပြီး ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်မောင်မောင်ဝင်းက“ကြိုတင်ကာကွယ်သဘာဝဘေးအန္တရာယ်” ခေါင်းစဉ်ဖြင့် ရေဘေး၊ ငလျင်ဘေး၊ မိုးကြိုးမုန်တိုင်းအန္တရာယ်များအကြောင်းနှင့် ကာကွယ်ရန်နည်းလမ်းများကို အသိပညာပေးဟောပြောသည်။

ထို့နောက် ပြန်လည်ထူထောင်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမျိုးသက်ထွန်းက“မူးယစ်အန္တရာယ်လူ့ရန်စွယ် “ခေါင်စဉ်ဖြင့် မူးယစ်ဆေးဝါးအန္တရာယ်ကို အသိပညာပေးဟောပြောသည်။

ယင်းနောက် ဟောပြောပွဲသို့ တက်ရောက်လာသော ကျောင်းသား/ကျောင်းသူ ၁၃၄ ဦးအား အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်း သိရသည်။

ကျော်စိန်သန်း ( ပြန်/ဆက် )