တောင်ဥက္ကလာပ ဇူလိုင် ၂၁
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ယနေ့နံနက် ၁၀ နာရီအချိန်က မူလတန်းဆင့်ပန်းချီဆေးရောင်ခြယ်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါပြိုင်ပွဲအခမ်းအနားကို ကျောင်းသား၊ ကျောင်းသူကလေးငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရန်၊ ပန်းချီအနုပညာများရင်းနှီးမှုရှိစေရန်၊ အရောင်များရွေးချယ်တတ်စေရန်၊ ဉာဏ်ရည်ဉာဏ်သွေးထက်မြက်စေရန်နှင့် မှန်ကန်သောအသိအမြင်ရရှိစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ဦးဆောင်မှုဖြင့် ပညာရေးဌာန၊ စာအုပ်စာပေချစ်မြတ်နိုးသူ Book Club အဖွဲ့ဝင်များပူးပေါင်း၍ အမှတ်(၁၄)အခြေခံပညာ မူလတန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများပါဝင်ယှဉ်ပြိုင်ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)ခန်းမတွင် ပန်းချီဆေးရောင်ခြယ်ပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ပြိုင်ပွဲတွင် ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ပထမဆု၊ ဒုတိယဆု၊ တတိယဆုများ အသီးသီးချီးမြှင့်ပေးခဲ့ပြီး မြို့နယ်ဦးစီးမှူးဒေါ်ခင်ဆွေနှင်းမှ ပြိုင်ပွဲဝင်ကျောင်းသား၊ ကျောင်းသူများအား ဗလာစာအုပ်များ လက်ဆောင်ချီးမြှင့်ပေးကြောင်းသိရသည်။
အခမ်းအနားသို့ဆရာ၊ ဆရာမများ စာအုပ်စာပေချစ်မြတ်နိုးသူ Book Club အဖွဲ့ဝင်များ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်သတင်းရရှိသည်။
ခင်ဆွေနှင်း (ပြန်/ဆက်)