သာစည် ဇူလိုင် ၂၁
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး Talk Show ကို ယနေ့နံနက် ၁၀ နာရီခွဲအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ပြုလုပ်ကြောင်း သိရသည်။
ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး Talk Show တွင် ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သင်းသင်းက online မှတစ်ဆင့် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး Talk Show ပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ပြောကြားသည်။ ဆက်လက်ပြီး မြို့နယ်ဥပဒေအရာရှိ ဦးသဲကိုထွန်းက ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေပြဌာန်းရခြင်းရည်ရွယ်ချက်များ၊ ကလေးသူငယ်များ၏ အခွင့်အရေးများနှင့် လိုက်နာရမည့်တာဝန်များ၊ သတ်မှတ်အသက်အရွယ်နှင့် သတ်မှတ်အလုပ်ချိန်များ၊ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ ဆောင်ရွက်နေမှုများနှင့် ဥပဒေများကို လိုက်နာခြင်းမရှိပါက ကျခံရမည့် ပြစ်မှုပြစ်ဒဏ်များကို ပညာပေးရှင်းလင်းဆွေးနွေးပြီး ကလေးသူငယ်အခွင့်အရေးဆိုင်ရာများကို ဆောင်ရွက်သည့် ကျောက်ပန်းတောင်း-မိတ္ထီလာ ကွန်ရက်အဖွဲ့ (Upper KMN)မှ တာဝန်ခံအရာရှိ ဦးစိုးမိုးကျော်က ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ စီမံအုပ်ချုပ်မှုနှင့် အပြုသဘောဆောင်သော ကလေးပြုစုပျိုးထောင်ရေးဆိုင်ရာ နည်းလမ်းများကို ပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)